အပိုင်း (၁၉)

3K 246 23
                                    

Unicode

အတူတူ ထွက်သွားဖို့အတွက် သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ရိပေါ်လေးပျော်ဖို့အတွက်သာ ဖြစ်သည် ။ သူချစ်ရတဲ့ ကလေးငယ်ပျော်ရွှင်ဖို့အတွက် သူ့ဘက်ကနောက်ဆုတ်ကြောက်ရွံ့နေလို့ မဖြစ်တော့ ...။

"ဆက်သွယ်ဦးနော်"

"မင်းလည်း လိုက်ခဲ့လေ "

သူ ကျိုးချန်ကို ခေါ်တော့ ကျိုးချန်က ခေါင်းခါပြီး ရယ်သည်။

"ငါစုထားတဲ့ ပိုက်ဆံတွေနဲ့ ခရီးတွေပတ်ထွက်ဦးမယ် ... မင်းတို့ဆီရောက်ရင်လည်း လာလည်မှာပေါ့"

"မင်းကိုတော့လွမ်းနေရမှာ"

"ငါရှိမှန်းတောင် သတိရမှာမဟုတ်ပါဘူး ... ရိပေါ်လေးနဲ့ပဲ မင်းက ပျော်နေမှာမလား"

အနွေးထည်တစ်ထည်ကို ခေါက်ရင်း သူ့အား မကျေနပ်သလို ဆိုလာတဲ့ ကျိုးချန်ဟာ ဝမ်းနည်းနေသလို ...။ ရိပေါ်နဲ့ မတွေ့ခင်ကတည်းက အတူရှိလာခဲ့သူတွေမို့ ကျိုးချန်ကို ကြည့်လိုက်တာနဲ့ ဘာဖြစ်နေလဲဆိုတာ သူတန်းသိ၏ ။

"မင်း ဝမ်းနည်းနေတာလား"

"မနည်းပါဘူး ... အနည်းဆုံးတော့ အရှုပ်ထုတ်တွေ လိုက်မရှင်းရတော့ဘူးပေါ့ ... တော်သေးတာပေါ့ ရိပေါ်လေးကယ်လို့ မဟုတ်ရင် မင်းနဲ့ လက်ထပ်နေရဦးမယ်"

ရိပေါ် သူ့ကို စွန့်လွှတ်နိုင်ဖို့အတွက် လက်ထပ်ပေးဖို့ တောင်းဆိုတော့ ကျိုးချန်က ပထမလက်မခံ ...။
ရိပေါ် အပေါ် ပွင့်လင်းဖို့သာ အကြံပေးခဲ့သည်။ သူတော်တော်လေးတောင်းဆိုတော့မှ မတက်သာပဲ လက်ခံခဲ့ခြင်း ။

"မင်းဆုံးဖြတ်ချက်မှန်တယ် ရှောင်းကျန့်"

"ဒါပေမယ့် ငါ စိတ်လေးနေသလိုကြီး ... ရိပေါ်လေးအတွက် အဆင်ပြေပါ့မလား ... "

"မင်းကတွေးပူနေပြန်ပြီ ... သူက မင်းမရှိမှ အဆင်မပြေမှာ ... သူတောင် မင်းအတွက်နဲ့ အောင်မြင်မှုတွေ ဝါသနာတွေ အကုန်လုံးကို ပစ်ထားခဲ့တာပဲ ... မင်းသာ သူနဲ့ လက်တွဲဖို့ ရဲရင့်လိုက်"

ကျိုးချန်ပြောတာလည်း မှန်သည်။ ရိပေါ်လေးက သူ တစ်ယောက်တည်းကို အောင်မြင်မှုတွေနဲ့ လဲယူခဲ့သည်မှာ ဟိုနေ့ညကတည်းက သက်သေ ...။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now