အပိုင်း (၂၀)

3.1K 250 16
                                    

Unicode

"ဘယ်သွားမလို့လဲ ရှောင်းကျန့် "

"အကိုယန့်ဆီ"

ကျိုးချန်အမေးကို သူပြန်ဖြေလိုက်တော့ ကျိုးချန်က အိမ်ရှေ့မှာချိတ်ထားတဲ့ ကားသော့ကို ဆွဲယူကာ လိုက်ပို့ဖို့ပြင်သည်။
ဒီနေ့အကိုယန်ဆုံးတာ ခုနှစ်နှစ်ပြည့် ... ။ ရိပေါ်လည်း ထိုနေရာကိုလာမှာသေချာနေတာကြောင့် မတွေ့ရတဲ့ တစ်ပတ်ကျော်ကျော်အတွင်းမှာ မျက်နှာလေး ဘယ်လိုနေမလဲ သိချင်သည်။
ဓားထိုးမှုဖြစ်ပြီးကတည်းက ရိပေါ်လည်း အချိန်ဇယားတွေဖျက်ထားသလို သူလည်းဒဏ်ရာကြောင့် ရိပေါ်နောက်ကို လိုက်၍ မရ...။

"ငါ့ဘာသာသွားလိုက်မယ် ... အရင်အိမ်ကလေးကိုလည်း ဝင်ချင်သေးလို့ ... "

"မင်းလမ်းမှတ်မိလား ..."

ကျိုးချန်ရဲ့ အမေးကို သူခေါင်းခါပြလိုက်၏ ။ အခုရက်ပိုင်းမှာတင် သူမေ့တာတွေများလာသည်။ သူ့အခန်းကနေ အောက်ဆင်းပြီးရင် အခန်းကိုတောင် မမှတ်မိတော့၍ ကျိုးချန်ဆီ ဖုန်းဆက်မေးရတဲ့အထိ ... ။

"ဆေးသောက်ဦး ... "

"အင်းပါ ... ငါက ကလေးလား"

"ကလေးဆိုရင် လိုက်ပြောမနေဘူး ... ချုပ်ပြီးတော့သာ ရိပေါ်ဆီခေါ်သွားပြီးပြီ"

ကျိုးချန်ရဲ့ ခပ်နောက်နောက်စကားကြောင့် သူပြုံးမိသည်။ သူလည်းဖြစ်နိုင်ရင် ဒီကောင်လေးနဲ့ ဘယ်ခွဲနေချင်ပါ့မလဲ ...။

"ရှောင်းကျန့် မင်းမတရားဘူးလို့မထင်ဘူးလား"

"ဘာကိုလဲ "

"ကလေးပြိုလဲနေတာတွေကို မင်းလည်း မသိတာမဟုတ်ဘူး ... မင်းကကျသူ့ကိုတွေ့နေရပြီး သူကကျ မင်းကိုမတွေ့ရဘူးလေ ... ဒါက မတရားဘူးလို့ငါတင်တယ်"

"ငါ့ကိုတွေ့တော့ရော ဘာကောင်းမှာလဲ ... နောက်ပိုင်းသူပိုနာကျင်ရမှာပဲရှိမှာ ... အခုခဏတာနာကျင်ပြီးရင် သူငါ့ကိုတဖြည်းတဖြည်းမေ့လာမှာပါ"

သူပြောရင်း အပြင်ထွက်လာခဲ့တော့ ကျိုးချန်က သူ့နောက်မှ လိုက်လာသည်။
ကျိုးချန်ဟာ သူနဲ့ ရိပေါ်ကို ဆုံစေချင်သည့်ပုံ ... ။ အခုလိုအချိန်မှာ ပြန်ဆုံရင်လည်း ကောင်းတာတွေမှ ဖြစ်မလာနိုင်တော့ဘဲ...။သူ့ရဲ့ ရိပေါ်လေး ပိုပြီး နာကျင်ရမှာပဲရှိသည်။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now