[Zawgyi]
တစ်စုံတစ်ခုကို အပိုင်ရဖို့
တစ်စုံတစ်ခုကို စွန့်လွှတ်ဖို့လိုမယ်ဆိုရင်...
ငါ Shunsuke Michieda က Ren Meguro ဆိုတဲ့ မင်းကို
အပိုင်ရဖို့ ဘာမဆိုစွန့်လွှတ်ရဲတယ်...။× × ×
တီတီတီတီ...
မနက် ၆ နာရီ...
အကျင့်ဖြစ်နေတဲ့ မျက်လုံးတွေက အချိန်အတိအကျပဲ
ပွင့်လာခဲ့တယ်...။
အပြင်ဘက်ကနေရောင်ခြည်အနည်းငယ်က လိုက်ကာစကြားကနေ
အခန်းထဲကိုဝင်ရောက်ပြီး ကုတင်ဘေးမှာဖြာကျနေတယ်...။
အခန်းက တိတ်ဆိတ်နေတယ်...။လက်တွေကိုအားပြုပြီး လှဲနေရာကနေထထိုင်လိုက်ပြီး
နေရောင်ခြည်ကျနေတဲ့နေရာမှာ ငါ့ခြေထောက်တွေကိုချထားလိုက်တယ်...။
နွေးတယ်...။ခြေချောင်းလေးတွေကိုလှုပ်ကြည့်တယ်...။
တစ်ချို့ခြေချောင်းလေးတွေက တဂျွတ်ဂျွတ်မြည်ကုန်ကြတယ်...။
အင်း...သိပ်ညောင်းနေခဲ့မှာပဲ...။ကြမ်းပြင်ပေါ်ကို ခြေဖဝါးတွေနဲ့ထိကပ်ပြီး
မတ်တပ်ရပ်လိုက်တယ်...။
နည်းနည်းယိုင်သွားပေမယ့် ရပ်နိုင်နေသေးတယ်...။တစ်လှမ်း...နှစ်လှမ်း...တံခါးရှိရာဆီလှမ်းသွားရင်း
တံခါးကို လော့ချလိုက်တယ်...။
အဲ့ဒီနောက် အခန်းထဲမှာခပ်သွက်သွက်လေး
ဘယ်ညာပြန်လမ်းလျှောက်နေမိတယ်...။
နေ့တစ်နေ့ရဲ့ ၂၄ နာရီမှာ လမ်းလျှောက်ရတဲ့အချိန်က
ဒီအချိန်လေးပဲ ရှိတာမို့...။
အသေးစားလေ့ကျင့်ခန်းလေးတွေကိုပါလုပ်ပြီး နာရီကိုကြည့်တော့
၆ နာရီ ၄၅ မိနစ်...
Meguro ရောက်တော့မယ်...။ချွေးတွေစိုနေတဲ့ ခန္ဓာကိုယ်ကို တဘတ်နဲ့သုတ်ပြီး
အခန်းတံခါးလော့ကို ဖွင့်ထားလိုက်တယ်...။
အိပ်ယာထဲက စောင်ထဲကိုပြန်ဝင်ပြီး
အေးစက်နေတဲ့ကိုယ်ကို တဖြေးဖြေးနွေးလာစေဖို့
ငြိမ်ငြိမ်လေးနေနေမိတယ်...။တီတီတီတီ... ၇ နာရီထိုးပြီ...။
လှေကားကနေတက်လာတဲ့ ဖိနပ်သံကိုကြားနေရတာမို့
မျက်လုံးတွေကိုမှိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်တယ်...။
Meguro ရောက်လာပြီ...။
![](https://img.wattpad.com/cover/293146141-288-k165529.jpg)
YOU ARE READING
Wřäp Mý Ĥēăřt (Complete)
Fanfictionဘယ်နည်းနဲ့မှ ငါ့ကိုထားသွားခွင့်မပေးဘူး ဘယ်နည်းနဲ့မှ ငါ့ကိုထားသွားခွင့်မပေးဘူး Shunsuke Michieda