Intro

72.4K 2.1K 34
                                    

Sings of the Fate ဆိုတဲ့ ဒါလေးက အစ်မရေးဖူးခဲ့တဲ့ If Time Would Stop ဆိုတဲ့ Fanfic လေးကို OC အနေနဲ့ပြောင်းရေးထားတာပါ။ ဇတ်အိမ်လေးကိုသဘောကျပေမယ့် Fanfic မဖတ်တတ်လို့ ပြန်ပြောင်းရေးပေးပါလားလို့ လာပြောကြတဲ့ညီမလေးတွေအတွက် ပြန်လည်ရေးပေးခြင်းပါရှင်။

ပြန်လည်ရေးခြင်းဆိုပေမယ့် ဤ/သည် မရွေးပြန်ကူးချပြီး နာမည်ပြောင်းတင်တာကိုဆိုလိုတာမဟုတ်ပါဘူးနော်။အရင်ရေးပြီးသား Plot အတိုင်းပဲ ဇတ်အိမ်ဆောက်ထားမှာပေမယ့် Fanfic လေးက (Bromance) ပုံစံသာရေးခဲ့တာမို့ ဒီ OC မှာတော့ (BL) ဖြစ်တဲ့အတွက် အကြောင်းအရာအချို့ပြောင်းလဲသွားပြီး ဇတ်အိမ်ပိုချဲ့သွားမှာပါ။ အထူးသဖြင့် Ending Part ကတော့ ပြောင်းလဲသွားပါလိမ့်မယ်။

Fanfic နဲ့ Plot တူနေတာမို့ အကြောင်းအရာသိချင်ဇောနဲ့ ပြေးဖတ်ကြပြီး ကြိုကြည့်တာမျိုး၊ cmt တွေမှာ Fanfic မှာ ဘယ်လိုရေးထားတာမို့ တော်ပါသေးတယ် စတာမျိုးတွေ ဖြစ်မှာစိုးလို့ Fanfic လေးကို Unpublished လိုက်ပါပြီ။ OC ရဲ့ဇတ်အိမ်ရောက်တဲ့နေရာနဲ့ချိန်ဆပြီး ပူးတွဲပြီး တပိုင်းချင်းတွဲတင်ပေးသွားမှာပါ။

ဒီ OC လေးက သဘာဝလွန်ပုံစံမျိုးလေး ဖြစ်ပြီး အနည်းငယ် သွေးထွက်သံယို၊ စိတ်မချမ်းမြေ့စရာတချို့ ပါလာနိုင်ပါတယ်၊

Story Description....

လူတစ်ယောက်ရဲ့လက်ကို ဆယ်စက္ကန့်ကြာအောင် ထိကိုင်မိလိုက်ရင် အဲ့ဒီလူရဲ့သေခြင်းတရားကို ကြိုမြင်နိုင်ပြီး ထိုလူသေဆုံးခါနီးအတိုင်း နာကျင်မှု​ဝေဒနာအတိုင်း မိနစ်အနည်းငယ်ခန့် ကိုယ်တိုင်ကိုယ်ကျဖြစ်သွားသလို ခံစားရ​လေ့ရှိတဲ့ ကလေးငယ်လေး။ ထိုသို့သောထူးခြားချက်ကြောင့် ငယ်စဉ်ကတည်းက မကောင်းဆိုးဝါး၊ ကျိန်စာတိုက်သူဟု စွပ်စွဲခံရပြီး လူတွေကိုထိကိုင်ရမှာ၊ လူတွေကြားထဲဝင်ဆန့်ရမှာကို အရမ်းကြောက်သွားပြီး ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေကြောင့် အ​ခြေချထားရာ ​နေရာကိုစွန့်ခွာကာ တိုင်းတပါးကိုမိသားစုလိုက်ပြောင်းရွှေ့ခဲ့ကြသူ အမေရိကန်၊မြန်မာ ကပြားလေး "ကောင်းဆက်ဂျေဒင်" (Kaung Sett Jayden)

လူလတ်ပိုင်းဟုတောင် ခေါ်ဆိုမရသေးသည့် အသက်အရွယ်မှာ နံပါတ်(1) Game Company အပြင် နိုင်ငံတကာမှာ Branches များစွာပိုင်ဆိုင်ထားပြီး ရုပ်ရည်ခန့်ညားမှု၊ တည်ကြည်မှု ၊ စိတ်သဘောထားကောင်းမွန်ခြင်းတွေကြောင့် စီးပွားရေးလောကထဲ နာမည်အတော်ရှိတဲ့ "Oliver Shane (အိုလီဗီယာရှိန်း)

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now