Chapter - 2

18.8K 1.7K 86
                                    

Shane"?

ခပ်ဆတ်ဆတ်ပေါ်ထွက်လာသော ခေါ်သံကြောင့် ထမင်းဝိုင်းမှ လှည့်ထွက်နေရာမှ ခြေလှမ်းတန့်သွားကာ သူ လှည့်ကြည့်လိုက်သည်။ 1 စက္ကန့်လောက် ဟူသောသဘောဖြင့် လက်တစ်ချောင်းထောင်ပြကာ တစ်ရှုးတစ်ရွက်ထုတ်ယူကာ နှုတ်ခမ်းအနှံ့သုတ်နေသည့် ဖခင်ဖြစ်သူကို သူစောင့်ဆိုင်းနေရသည်။

"သား ဒီလိုပဲနေတော့မှာလား ။ သား အသက်ကအခုမှ ၁၀နှစ်နော်။ ဂိမ်းကစားတာကို သည်ကြီးမည်းကြီးလုပ်နေရမယ့် အရွယ်မဟုတ်သေးဘူး"

"သား စာလဲကျက်တယ်၊ အတန်းလဲ မှန်တယ် Daddy တို့နေစေချင်တဲ့အတိုင်း သားနေပေးတယ်။ အဲ့ဒီအတွက် အပိုရနေတဲ့အချိန်တချို့မှာ သား ဝါသနာပါတဲ့အရာကို လုပ်ခွင့်မရှိဘူးလား။ "

"ဒီနှစ်တွေမှာ Daddy တို့နားမလည်နိုင်တဲ့အရာတွေ သားမှာရှိနေသလို ခံစားနေရတယ်။ တခုခုများ Daddy တို့ကိုပြောဖို့ရှိရင် ဘယ်တော့မဆို အချိန်ပေးနိုင်တယ်ဆိုတာ သားကိုသိစေချင်တယ်"

"ဒီနှစ်တွေမှာ ဂိမ်းတွေကိုစိတ်ဝင်စားလာတာမျိုးပဲ သားမှာရှိပါတယ်။ အဲ့ဒါကြောင့်စိတ်မပူပါနဲ့"

စကားဆုံးသည်နှင့် အခန်းရှိရာ တောက်လျှောက်လှမ်းခဲ့ကာ အိစက်နေသည့် မွေ့ယာပေါ်ပစ်လှဲချလိုက်သည်။ မျက်နှာကျက်ကို အကြောင်းမဲ့ငေးကြည့်နေမိပြီး ဒီနှစ်တွေမှာ ကိုယ်ဘာဖြစ်နေသလဲဆိုတာတောင် သူကိုယ်တိုင်နားမလည်နိုင် ထူးဆန်းနေတာ တခုသာနားလည်သည်။ အကြီးအကျယ်ပြောင်းလဲခဲ့တာဆိုရင်တော့ Online Game တွေကို အရမ်းစိတ်ဝင်စားလာကာ Game တည်ဆောက်ပုံတွေကအစ အသေးစိတ်လိုက်လေ့လာနေမိခြင်းပင်။

မျက်နှာကျက်ကနေ ဘယ်ဘက်ခြမ်းဆီသို့ အကြည့်ရွှေ့လိုက်တော့ Gaming chair လေးတခုက ဆီးကြိုနေခဲ့သည်။ မိဘတွေက ဂိမ်းစွဲလန်းနေခြင်းအပေါ် သိပ်နှစ်သက်ပုံမပြသော်လည်း စာပေဘက်မှာ အားမလျော့ခဲ့ခြင်းကြောင့် ဆုလာဒ်အနေနဲ့ လိုချင်တာမှန်သမျှ ဝယ်ပေးရှာသည်။

သက်ပြင်းတချက်ချကာ လှဲနေရာမှထထိုင်လိုက်ရင်း လွန်ခဲ့တဲ့ ၂နှစ်က ထွက်ခဲ့သည့်ခရီးတခုရဲ့အပြန်မှာ ဖြစ်ခဲ့ရသည့် ဖြစ်ရပ်တခုအကြောင်း သူပြန်လည်စဉ်းစားနေမိရင်း ဘာကြောင့်ဆိုသော အဖြေကိုပါ ရလို့ရငြား ကြိုးစားအဖြေရှာနေဆဲ။ မကြာခဏရှာပေမယ့် တကြိမ်တခါမှ သူရှာမတွေ့ခဲ့။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now