1

121 11 4
                                    

[Unicode]

တစ်ကမ္ဘာလုံးရှိ ချမ်းသာပြီး ကြီးမြတ်လှတဲ့
Jeon Company" ကြီးက မကြာခင် ပိုင်ရှင်
ပြောင်းတော့မည်ဖြစ်သည် ။
ဥက္ကဌ ဂျွန်ဆောင်းဂို သည် ကျန်းမာရေး
အခြေအနေကြောင့် Companyကို မဦးစီးနိုင်တော့သဖြင့် သူရဲ့ သားဖြစ်သူ ဂျွန်ဂျောင်ကု
ကို လွှဲပြောင်းပေးတော့မည့် သတင်းက
လူသားအားလုံးကြား ကျော်ကြားခဲ့သည်။

မီဒီယာတွေထဲရော သတင်းတွေထဲရော
တီဗီထဲမှာရော ထိုသူ ဂျွန်ဂျောင်ကု ကပဲ
မင်းသားတစ်ပါးလို နေရာယူထားသည် ။
မိန်းကလေးတွေရဲ့ နှလုံးသားထဲလည်း
နေရာယူထားသည့် ဂျွန် ဖြစ်ပေသည်
ငယ်ငယ်ချောချောဟု ပြောထားတာကြောင့်
မိန်းကလေးများက ဂယက်ထနေကြတယ်လေ။

"ဟားဟား ငါ့သားအတွက် ဂုဏ်ယူတယ်ကွာ"

အသက်ကြီးလာတာနဲ့ အမျှ ဒူးများမကောင်းသဖြင့် ဝှီးချဲကို အမှီပြုထားသည့် လူကြီး
တစ်ဦးက ဂျောင်ကု ရဲ့ပခုံးကို ပုတ်ကာ
ဝင့်ကြွားစွာ ပြောလေသည် ။
ထိုလူကြီးကတော့ ဂျွန်ဆောင်းဂို ဖြစ်တယ် ၊

"အပိုတွေမလုပ်စမ်းပါနဲ့ ဒယ်ဒီရာ သားဖြင့်
Companyတောင် မဦးစီးရသေးဘူး"

"ဒါပေမဲ့လေကွာ မင်းရဲ့ ပုံကို မြင်ပြီးတည်းက မိန်းကလေးတွေ ဖြစ်ပျက်နေကြတာလေ
သူဌေးသမီးတွေကစ"

‌ရွတ်တီးရွှတ်နောက် ပြောလိုက်တော့ ...
ဂျောင်ကု ရဲ့အမေ ဂျွန်ဆွန်းဟီ က  ဝင်တားလေသည်။

"အမလေးတော် .. ကျွန်မရဲ့သားကို မိန်းမပျက်တွေနဲ့ မပေးစားချင်ပါဘူး ၊ သူဌေးသမီးအများစုက ဒီပုပ်ထဲကပဲ !"

(သူဌေးသမီးများကို စော်ကားလိုချင်စိတ်
မရှိ❌ ဖန်တီးသူ၏ စိတ်ကူးသက်"သာ
ဖြစ်သည်။)

"မိန်းမကလည်း ကိုယ့်သားပိုပြီး အောင်မြင်သွားတာပေါ့ကွ မဟုတ်ဘူးလား ?"

ဒယ်ဒီနဲ့ မာမီတို့ရဲ့ ငြင်းခုံနေကြတဲ့ အသံတွေကို ဂျောင်ကု နားမထောင်ချင်တော့တာကြောင့် ကိုယ့်အခန်းထဲပဲ ဝင်လာလိုက်တယ်၊
တစ်ယောက်တည်းနေတတ်တာ သူ့အကျင့်။

You've reached the end of published parts.

⏰ Last updated: Dec 10, 2021 ⏰

Add this story to your Library to get notified about new parts!

°𝑃𝐴𝑊𝑁 °Where stories live. Discover now