Chapter - 3

15K 1.6K 155
                                    

ကိုယ်တပိုင်းမြင်ရသည့် မှန်လေးရှေ့မှာ ​ကောင်းဆက်ရပ်ကာ မိမိသွင်ပြင်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ Daddy ဝယ်ပေးထားသည့် အညိုရောင် Suite ။ ဈေးမကြီးသော်လည်း ပွဲတော့တိုးသည်။ ဦးထုပ်လေးကိုင်ကာ အတွင်းခန်းမှ ထွက်လာသည့် Daddy က မိမိကို သေသေချာချာကြည့်ကာ မီးဖိုခန်းထဲက မေ့မေ့ကိုလှမ်းခေါ်တော့သည်။

"သော်တာ..ငါ့သားကို ကြည့်စမ်း။ ဘယ်လောက်ချောလဲဆိုတာ။"

Darling တွေ Honey ​တွေမ​ခေါ်ပဲ​တောင် သော်တာဟူသော Daddy ရဲ့ မပီကလာပီကလာနဲ့ Thomas ဟူသော​မေ​မေ့ရဲ့​ခေါ်သံက​နေတဆင့် သူတို့ရဲ့ချစ်ခြင်းမေတ္တာ နက်ရှိုင်းမှုကို ခံစားမိနေသည်။

"ရှင်က ကိုယ့်ငါးချဉ်ကိုယ်ပြန်ချဉ်နေပြန်ပြီ။"

ထို့သို့သာဆိုသော်လည်း မျက်လုံးထဲက အရိပ်အ​ယောင်​တွေက​တော့ လိမ်မရ၊ ပီတိဖြာနေခဲ့သည့် မိဘနှစ်ပါးကို ကြာည့်ပြီး ​ကောင်းဆက်ပြုံးမိတော့ ဘယ်ဘက်နှုတ်ခမ်း ​ထောင့်မှာ ဖျတ်ခနဲပေါ်လာသည့် ခပ်နက်နက်ချိုင့်လေးတခု။ ပါးချိုင့်လဲမဟုတ်ပဲ တချို့က တွင်းဟု​ခေါ်ဆိုကြသည့် အချိုင့်လေးတခုပင်။

"ကောင်း....ဆက်...​ဂျေ....ဒင်!!"

နာမည်ကိုတလုံးခြင်းစီ အကျယ်ကြီးအော်ခေါ်လိုက်သည့် နိုရာမင်းမောင်အသံကြားတော့ ဖိုင်လေးကောက်ဆွဲယူလိုက်ကာ အပြင်ထွက်ရန်ပြင်လိုက်သည်။

"ကျွန်တော်သွားတော့မယ် မေမေ။Daddy ကျွန်တော်သွားတော့မယ်။"

"သား.....လက်အိတ်...လက်အိတ်ယူသွားဦး။"

"နေ....Daddy မယူတော့ဘူး။လက်အိတ်စွပ်ထားရင် ထူးဆန်းနေကုန်လိမ့်မယ်။ "

အပြင်မှာ​ရောက်နေသည့် နိုရာမင်းမောင်ကလဲ တော်တော်သပ်ရပ်ပြီး ကြည့်လို့ကောင်းနေတာအမှန်။ သို့​သော် အကျီက​တော့ သူနဲ့အနည်းငယ် ကြပ်နေသလိုပင်။ ခပ်ဖိုင့်ဖိုင့်ကိုယ်လုံးလေးရှိပြီး မျက်မှန်လေးနဲ့ နိုရာက အပြုံးချိုကာပွင့်လင်းမှုကြောင့် လူချစ်လူခင်အတော်​ပေါများသည်။ သူ့အနားရောက်သည်နှင့် ဘာမှမပြောရသေးခင်မှာပင်..။

"ငါ နည်းနည်းနောက်ကျသွားတယ်။ အမေကအကျီဝယ်လာတာ နည်းနည်းကြပ်နေတာနဲ့ တခြားဝတ်စုံဝတ်ရမလား လျှောက်ရှာကြည့်နေလို့"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now