အပိုင်း ၂၁ (ဇာတ်သိမ်း)

6.9K 373 36
                                    

Unicode

     အသိစိတ်တစ်ချို့က ဦးနှောက်ဆီပြန်ကပ်လာတဲ့အချိန် လက်ပေါ်က ပူနွေးနွေးအထိအတွေ့ကို ခံစားလိုက်ရသည်။ မျက်လုံးအစုံကို အားယူကာ ဖွင့်ကြည့်လိုက်တော့ သူ့ဘေးမှာ ခပ်တွေတွေလေး ထိုင်နေတာက သူ ချစ်ရတဲ့ သူ့ရဲ့ ရိပေါ်လေး ...။

"ရှောင်းကျန့် သတိရလာပြီလား နေသာရဲ့လား"

       သူ့ အနားကို အပြေးရောက်လာပြီးမေးတဲ့ ကျိုးချန်ကို အသာခေါင်းငြိမ့်ပြလိုက်မှ သူ့အား စိတ်ချသွားပုံ။ သက်ပြင်းကို အသာချလျက် ရိပေါ်ထံ အသာမေးဆတ်ပြသည်။
ဘာလို့ ရိပေါ်က သူ့ဘေးရောက်နေလဲဆိုတာကိုတော့ သူမမေးဖြစ်သေး ။

"ရှောင်းကျန့်နိုးလာပြီလေ ရိပေါ်"

       ကျိုးချန်က အသံပြုလိုက်တာတောင် ရိပေါ်ဟာ တစ်ချက်မှလှုပ်မလာ ... ။ သူ့လက်ကိုသာ ဆုပ်ကိုင်ထားရင်း နံရံတွေဆီကိုသာ စိုက်ကြည့်နေခဲ့၏။

"ရိပေါ်လေး"

    သူ့လက်တစ်ဖက်ဖြင့် လက်ဖြူဖြူလေးပေါ် ဆုပ်ကိုင်လိုက်တဲ့ အထိ ရိပေါ်ဟာ အသိစိတ်တွေလွတ်နေဆဲ ။

"ရိပေါ် ... ရိပေါ်လေး .. အစ်ကို့ကိုကြည့် ... အကို့ကိုကြည့်စမ်း"

      ကျိုးချန်က ရိပေါ် ပုခုံးတွေကို ကိုင်လှုပ်လိုက်မှစာ သတိဝင်လာသည့် ပုံဖြင့် လှုပ်လှုပ်ရှားရှားဖြစ်လာကာ ပါးပြင်ပေါ် မျက်ရည်တစ်စက်က ပေါက်ခနဲ ။

"အသုံးမကျဘူး ... ကျွန်တော်ကအသုံးမကျဘူးနော် ... ကိုကိုဘာဖြစ်နေမှန်းတောင်မသိခဲ့ရတဲ့ အထိ ကျွန်တော်က အသုံးမကျဘူး "

"မဟုတ်ပါဘူး ရိပေါ်ရယ် ... အခုရှောင်းကျန့်လည်း သတိရလာပြီပဲ ... စိတ်လျှော့လိုက်ပါ"

        ရိပေါ်ဟာ သူ့ကို တစ်ချက်မှ လှည့်မကြည့်သေး ... ။ သူ့လက်တွေကိုတော့ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ကျိုးချန်ရင်ခွင်ထဲမှာ တအိအိရှိုက်ငိုနေသည်။ ကျိုးချန်ရဲ့ သက်ပြင်းချသံ သဲ့သဲ့နဲ့ မျက်ဝန်းတွေကို ကြည့်လိုက်တာနဲ့ ရိပေါ်ဟာ သူ့အကြောင်း သိနေပြီ ဟု ခန့်မှန်းမိ၏ ။
သူ့ရဲ့ ရိပေါ်လေး ဘယ်လောက်တောင် နာကျင်နေရမလဲ။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now