Chapter - 4

14K 1.6K 148
                                    

အခန်းရှိလူအကုန်ဝိုင်းကြည့်ခံရသည့် Programming Manager မှာလဲ ထိုကပြားလေးဆီ တန်ပြန်ကြည့်ရင်းက ကြောင်ငေးစိတ်ကနေ ဒေါသအသွင်သို့ ကူးပြောင်းသွားဟန်ရှိပြီး ထိုကပြားလေးနှင့် အနီးဆုံးနေရာထိရောက်လာပြီးနောက်

"မင်း ခုန ဘာပြောလိုက်တယ်..."

"............."

"ခုနပြောတာ ဘာအဓိပ္ပယ်လဲ။ ပြန်ပြောစမ်း အခု! ပြောလေ!!"

ဒေါသအရှိန်​ကြောင့် အသံကဟိန်းထွက်နေပေမယ့် ထိုကပြားလေးကတော့ ဒေါသတကြီး ​အော်ဟစ်ခံရခြင်းကို မကြခဏကြုံခဲ့ဖူးသူလို မျက်တောင်ပင်မခတ် စူးစူးရဲရဲပြန်ကြည့်နေရင်းက မတ်တပ်ထရပ်လာပြီးနောက် တွန့်​ကြေသွားသည့် သူ့အဝတ်အစားကို အေးအေးဆေးဆေးပင် ပြန်လည်ပြုပြင်နေခဲ့သည်။ ထိုအပြုအမူက Programming Manager ကို ပို၍ ဒေါသထွက်စေသည်မို့ လက်မောင်းတဖက်မှ ဆောင့်ဆွဲလိုက်တော့သည်။

"မင်းကိုငါမေးနေတယ် ခုနပြောတာ ဘာအဓိပ္ပယ်နဲ့ပြောတာလဲလို့..."

"ဒီနေ့ဘယ်မှမသွားပဲ အိမ်ကိုပြန်နေတာအကောင်းဆုံးပဲ။ မဟုတ်ရင် ခင်ဗျားသေလိမ့်မယ်"

"ဘာ!!!"

"ကျွန်တော့်ဘက်က အဲ့ဒီလောက်ပဲ ပြောနိုင်မယ်။"

ပြောပြောဆိုဆို ထိုကပြားလေးက တဖက်လူရဲ့ဆုပ်ကိုင်ခြင်းခံထားရသည့် လက်မှရုန်းလိုက်သော်လည်း တဖက်လူကတော့ပိုပိုပြီး ဒေါသထွက်ဟန်ဖြင့် အသံက အစွမ်းကုန်ကျယ်လာတော့သည်။

"မင်း မင်း ငါ့ကိုကျိန်စာတိုက်နေတာလား..."

"ကျွန်တော်ပြောပြီးပြီ အဲ့ဒီလောက်ပဲ ပြောပြလို့ရမယ်လို့။ ယုံတာမယုံတာ ခင်ဗျားအပိုင်း။"

"ဒီလိုပြောဆိုပြီး မင်းထွက်သွားလို့ရမလား။ တဖက်သားကိုဒီလိုတွေပြောဆို ကျိန်စာတိုက်ပြီး အေးအေးဆေးဆေးပြန်သွားလို့ရမလား!!"

"ခင်ဗျားနဲ့ကျွန်တော်က ဘယ်တုန်းကတွေ့ဖူးပြီး ဘာတွေဖြစ်ပျက်ခဲ့ဖူးလို့ ဘာကြောင့်ကျိန်စာတိုက်ရမှာလဲ။ အသုံးမဝင်တာတွေ လျှောက်​တွေးနေမယ့်အစား အိမ်မှာပြန်နေလိုက်တာ အကောင်းဆုံးပဲ။မသေချင်ရင်ပေါ့..."

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now