unicode

25 4 8
                                    

ကျွန်တော်မိုးရေထဲမှာအချိန်အတော်ကြာရပ်နေခဲ့ရတာ ဒါပေါ့ ကျွန်တော်ကမိုးမစိုနိုင်တဲ့နေရာမှာရပ်နေတာမို့အဆင်ပြေပါတယ်။

ဒီနေ့ ကျွန်တော်စီးနေကျbusကလာတာနောက်ကျနေလို့လေ။
ရာသီဥတုကလည်းခုရက်ပိုင်းပုံကိုမမှန်ပါဘူး ၁၀လပိုင်းထဲဝင်လာပြီဆိုတော့လည်း အကူးအပြောင်းချိန်ဖြစ်နေပြီ 
သီတင်းကျွတ်မတိုင်ခင်တော့ ဒီနှစ်မိုးရာသီကုန်မယ်လို့မျှော်လင့်ရတာပဲ

busလာနိုးနိုး လမ်းမဘက်မျှော်ကြည့်နေရင်းပဲ အမျိုးသားတစ်ယောက် ကျွန်တော်ရပ်နေတဲ့သစ်ပင်အောက်လျှောက်လာတာတွေ့လိုက်ရတယ်

သစ်ပင်ကအတော်လေးကြီးတယ်  သူရပ်လိုက်တဲ့နေရာက ကျွန်တော်နဲ့ ၄ ၅ မီတာလောက်ဝေးတဲ့အမှိုက်ပုံးနားမှာ

မိုးဖွဲဖွဲက သူ့ရဲ့ကုတ်အင်္ကျီနဲ့ဆံပင်နက်တွေကိုရွှဲရွှဲစိုနေစေတယ်  ထိုလူကအမှိုက်ပုံးကိုအားပြင်းပြင်းကန်ချပစ်လိုက်တာကိုကျွန်တော်အကြောင်သားငေးကြည့်နေမိတယ်

ဘုရားရေ ဒေါက်တာကဘာတွေကိုအဲ့လောက်ဒေါသထွက်နေတာတဲ့တုန်း?

ဒေါက်တာ့ကိုကျွန်တော်သိတယ်  သူကကျွန်တော်တို့ဆေးရုံရဲ့လက်ထောက်ဆေးရုံအုပ်လေ ဒေါက်တာမင်းညိုကိုဆို ဆေးရုံကဝန်ထမ်းတွေတင်မကဘူး အအိုအပျိုမရွေးလူနာတွေကပါအရမ်းချစ်ကြတာ
ဒေါက်တာကရည်ရည်မွန်မွန်ရှိတဲ့ပညာတတ်လေးလေ။

အခုတော့ အဲဒီသတင်းမွှေးမွှေးလူရည်မွန်လေးက အများပြည်သူပိုင်အမှိုက်ပုံးကိုကန်ထုတ်ပြီး.. ကန်ထုတ်ပြီး အမှိုက်တွေကိုဖွနေတယ်..

ကျွန်တော်မျက်စိကျန်းမာရေးကအရမ်းကောင်းမွန်နေတာရယ် ကျွန်တော့်အတွက်ဒီမြင်ကွင်းကထူးဆန်းတယ်လို့မခံစားရတာကြောင့်သာမဟုတ်ရင် ကျွန်တော့်နေရာမှာတစ်ခြားဒေါက်တာ့ကိုသိတဲ့သူတွေဆိုသူတို့မျက်လုံးကိုနှစ်ခါလောက်ပွတ်ပြီးစစ်ဆေးကြည့်လိုက်ကြမှာ

အခုဒေါက်တာ့ရဲ့ပုံစံကလေ လူတွေချစ်ခင်ကိုးစားတဲ့ဒေါက်တာမင်းညိုနဲ့ တွဲပြီးမြင်ကြည့်လို့ရမှာတောင်မဟုတ်ဘူး

the weather was greatWhere stories live. Discover now