IMPRISONED

2.1K 177 16
                                    


ငါ ဒီမှာ ရပ်နေတာ အတော်လေး ကြာနေပြီ။

အခန်းက ကျဉ်းလွန်းအားကြီးလို့ အပေါ်မှာ ပြတင်းပေါက်တစ်ခုကပဲ လင်းချင်းနေတယ်။ အဲ့အလင်းတွေကလည်း အက်ကွဲကြောင်းတွေကြားက ထွက်ပေါ်လာတဲ့ပုံမို့ အလင်းက ခပ်ကျဲကျဲပဲ ကျန်ခဲ့ပုံရတယ်။ အဲ့ဒါတွေက ငါ့ကို အသက်ရှုရခက်စေတယ်။ သံကြိုးတစ်ထောင်လောက်နဲ့ သော့ခတ်ပြီး ချည်နှောင်ထားတာမို့ ငါ စောင်ကြည့်ပြီး နားထောင်တာမျိုးပဲ လုပ်နိုင်တယ်။

ရင်းနှီးနေတဲ့ တံခါးဖွင့်သံ ထပ်ကြားလိုက်ရပြန်ပါပြီ။

ငါထင်တယ် သူလာပြန်ပြီပဲ။

သူ ငါ့ကို ဒီမှာ အကျဉ်းချထားတာ ကြာလှပြီမို့ ဘယ်လောက်တောင်ရှိပြီလဲဆိုတာ ကောင်းကောင်းတောင် မမှတ်မိချင်တော့ဘူး။

တကယ်တော့ ငါ နေနဲ့လကို မြင်ခဲ့ရတာ ဘယ်အချိန်တုန်းကလဲဆိုတာတောင် မမှတ်မိတော့ပါဘူးလေ။ တစ်ရက်လား ဒါမှမဟုတ် နေ့တစ်ဝက်ပဲလား။ လူတွေ ဒုက္ခရောက်နေတဲ့အခါ အချိန်တွေက အရမ်းကိုနှေးကွေးသွားတတ်တယ်လို့ ထင်ယောင်ထင်မှားမှုတွေဖြစ်တတ်တာ ခင်ဗျားသိလား?

အိုး ဟုတ်သားပဲ အဲ့ဒါကို ဆက်စပ်ပြီးရလာတဲ့ ရလဒ်လို့ခေါ်တာပဲ။

"Tick...."

ပြတင်းတံခါးကို ဖွင့်လိုက်ပြီး သူ ငါ့ကို ငုံ့ကြည့်တယ်။ သူ ငါနဲ့ အရမ်းကြီး နီးကပ်နေတယ်လို့ထင်တယ် အောက်ခြေက အရမ်းနိမ့်လွန်းလို့ ငါမျက်နှာကြက်နဲ့တောင် ထိလုနီးပါး ဖြစ်နေတာ ဖြစ်နိုင်တယ်။ ဒါပေါ့ ငါ ဘယ်ထိနိုင်ပါ့မလဲ ဘာလို့ဆို သူက ငါ့ကို တုပ်နှောင်ထားတာကိုး။

သူက အရမ်းကို ချောတာပဲ။ Xiao Ru သာ သူ့ကိုတွေ့သွားရင် အကျယ်ကြီးအော်ပြီး အရူးမလိုမျိုး ပြုမူနေတော့မှာသေချာတယ်။

Xiao Ru ဆိုတာ ဘယ်သူပါလိမ့်?

ငါ့ ရည်းစားလို့တော့ ထင်တာပဲ။

တကယ်လို့ သူက ငါ့ရည်းစားမဟုတ်ဘူးဆိုလည်း ငါ့နောက်ကို လိုက်နေတဲ့ ကောင်မ‌လေးတစ်ယောက်ပဲ ဖြစ်ရမယ်။ ငါက အရမ်းချောတာလေ ဒါကြောင့် ငါ့နောက်ကနေ လိုက်တဲ့ တစ်ယောက်ယောက်တော့ ရှိမှာပဲ။ မင်းတွေ့လား ငါ့ကို ဒီမှာ ချည်နှောင်ထားတာ သောက်ကျင့်မကောင်းတဲ့နှာဘူးကောင် မဟုတ်ဘူးလား?

IMPRISONED // ဘာသာပြန် || Complete ||Where stories live. Discover now