What's wrong with him ?

2.9K 285 82
                                    

" မင်း ဒီလို ညစ်ညစ်ပတ်ပတ် ဆက်နေမယ်ဆို ဒီအိမ်ကနေ ထွက်သွား " 

"ငါ့ကို မင်း ဒီလို နှင်ချလို့ရကြေးလား ? ထွက်သွားချင် မင်းဘာသာမင်းထွက်သွား " 

" ရှင်းမ်ဂျယ်ယွန်း !!! " 

"ပတ်ဆောင်းဟွန်း !! " 

ဒါသူတို့ နှစ်ယောက်ရဲ့ ညပိုင်းတိုက်ပွဲ .. ။ မနက်ကတည်းက ဆောင်းဟွန်းကရန်ရှာဖို့ ပြင်နေပေမဲ့ ပြောစရာများများစားစားမရှိတော့ ဂျယ်ယွန်းကိုလွှတ်ပေးထားရသည် ၊ တစ်နေကုန် အခွင့်အခါကို စောင့်နေတုန်း ညစာစားပြီး ပန်းကန်မဆေးဘဲ ဘေစင်ထဲထည့်သွားတဲ့ ဂျယ်ယွန်းက သူအပြစ်ရှာဖို့ တမင်တကာ ဖန်တီးပေးလိုက်သလိုပင် ။ 

" ပန်းကန်ကို ဘယ်အချိန်ဆေးဖို့ ချန်ထားတာလဲ .. ငါ အမြင်မတော်လို့ ဆေးပေးတဲ့အချိန်ကိုစောင့်နေတာလား " 

" ငါ မအားသေးလို့လေ .. အခုချက်ချင်း idea ထွက်လာတာ သွားရေးမှဖြစ်မှာမို့လေ .. ငါ့ခေါင်းထဲက အကောင်းစား စိတ်ကူးတွေ ပန်းကန်ဆေးနေတုန်း ပျောက်သွားရင် မင်းတာဝန်ယူမလား " 

လောကကြီးတွင် အံ့ဩစရာကောင်းတဲ့ လွှဲချော်မှုတွေကလည်း ရှိနေတတ်သည် ။ စိတ်ကူးယဉ်ဆန်တဲ့ လှလှပပ အချစ်ဝတ္ထုလေးတွေရေးနေတဲ့ စာရေးဆရာက အခုလို ပေတီပေစုတ်နေတတ်တဲ့သူလည်း ဖြစ်ချင်ဖြစ်နေတာပဲ ။ 

ရှင်းမ်ဂျယ်ယွန်း .. သို့မဟုတ် ဆောင်းဟွန်းရဲ့ အခန်းဖော် ? မဟုတ်သေးဘူး ။ ဒီလို ညစ်ပတ်တဲ့သူကို အခန်းဖော်တောင်မတော်ချင်ဘူး ။ 

ရှင်းမ်ဂျယ်ယွန်းနဲ့ပက်သက်ပြီး ဆောင်းဟွန်းသည်းမခံနိုင်တဲ့အချက်တွေမှအများကြီး ။ အများကြီးဆိုရာတွင် ဘယ်ကစပြောလို့ပြောရမလဲမသိအောင်ကို များပြားလွန်းသည် ။ 

////////

" ခင်ခင်မင်မင်နေကြတာပေါ့ .. ပတ်ဆောင်းဟွန်း" 

" အင် .. အင်း " 

ဇောက်ထိုးမိုးမျှော်ဖြစ်နေသော လူ့လောကကြီးတွင် လက်ရှိသူတို့နေနေတဲ့အိမ်အကြီးကြီးမှာ အခန်းတစ်ခန်းသာပါသည့် ကိစ္စက အဆိုးဆုံးဖြစ်သည် ။ 

The Messiest | SUNGJAKE ✔️Where stories live. Discover now