Chapter - 5

15K 1.6K 155
                                    

ချိန်းဆိုထားရာ ဆိုင်လေးထဲ အချိန်အတိအကျ​ရောက်လာခဲ့​ပေမယ့် တဖက်လူတွေက မိမိထက်စောနေတော့ Shane ခပ်သုတ်သုတ်ဖြင့် ဆိုင်ထဲဝင်လိုက်ပြီးနောက် ဝေ့ဝဲရှာကြည့်လိုက်သည်။ ခေါင်းစွပ်၊အနွေးထည်အထူနှင့် လက်အိတ်တွေပါ ဝတ်ဆင်ထားသည့် ခပ်ဖိုင့်ဖိုင့်ကောင်လေးတစ်ယောက်နှင့် ကောင်းဆက်ဂျေဒင်က မျက်နှာချင်းဆိုင်ထိုင်နေပြီး ပန်းကန်ထဲက အစားအစာတွေကိုသာ ငုံ့စားနေသည်မှာ ဆိုင်အတွင်း TV ပေါ်မှ Programming Manager သတင်းကိုတောင် ဒီလိုဖြစ်မှာ ကြိုသိ​နေသည့်အလား တချက်မှမော့မကြည့်ကြ။

ကောင်း ဆက် ဂျေ ဒင်......နာမည်ကို ခပ်တိုးတိုးတစ်လုံးချင်းရေရွတ်၍ ထိုကပြားကောင်လေးရှိရာ စားပွဲဆီသို့လျှောက်လာခဲ့သည်။ ယနေ့မနက် အင်တာဗျူးဖြေဆိုသူမြောက်များစွာထဲမှ သူ့နာမည်ကိုတော့ ဘာကြောင့်ကောင်းစွာမှတ်မိနေမှန်း မိမိကိုယ်တိုင်တောင် သေချာမသိ၊ နာမည်ဆန်းလို့ဖြစ်ပါလိမ့်မယ် နိုရာမောင်မင်းဆိုတဲ့တစ်ယောက်နာမည်ကိုတောင် မှတ်မိနေသည်​လေ။ ပါစတာကိုသာ အာရုံပြုငုံ့စားနေသည့် ကောင်းဆက်ဂျေဒင်က သူ့အနား Shane လာရပ်နေသည်ကို ချက်ချင်းသတိပြုမိဟန်မတူ...။ မိနစ်ဝက်ခန့်ကြာပြီးတော့မှ တဖြည်းဖြည်းချင်းမော့ကြည့်လာကာ...

"Olivier Shane"

နာမည်ကိုတောင် ရေရွတ်လိုက်သည့်အထိ သူ တော်တော်လေးအံ့သြသွားခဲ့သည်။ ခေါက်ဆွဲဖတ်များရစ်ပတ်ထားဆဲ ခက်ရင်းကိုကိုင်ထားပြီး ပါးစပ်ထဲမှာလဲ တစ်လုပ်ခန့်သွတ်သွင်းထားပုံရသည်။ ပါးနှစ်ဖက်ကဖောင်းနေကာ စူးစူးစိုက်စိုက် ပြန်ကြည့်လာသည့် စိမ်းဖန့်ဖန့်မျက်လုံးတွေထဲတော့ မေးခွန်းပေါင်းများစွာ ဖြတ်​ပြေးလို့​နေသည်။

"ကိုယ် ထိုင်လို့ရမလား ကောင်းဆက်ဂျေဒင်..."

"............."

"ထိုင်ခွင့်ရှိမလား"

ပထမတစ်ကြိမ်နှင့် ပြန်မဖြေလာသည့်မေးခွန်းကို ထပ်မံမေးလိုက်တော့ ခက်ရင်းကိုအသာချကာ တစ်ခွန်းဆိုလာသည်။

"ထိုင်ချင်ထိုင်ပေါ့။ ကျွန်တော့်အပိုင်ခုံတွေမှ မဟုတ်ပဲ Mr Shane "

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now