Rainy Days

23 6 0
                                    

နောက်နှစ်မိုးကုန်ရင်
နယ်မြို့​​လေး​တွေဆီ ခရီးထွက်မယ်။
မင်းမကြိုက်တဲ့ Sad Ending ဇာတ်လမ်း​တွေ​ရေးမယ်။
ဦးစိုင်းထီးရဲ့ 'သဘာဝရဲ့ ရင်​သွေးငယ်​တွေ'ဆိုတဲ့သီချင်းကို Repeat လုပ်ပြီးနား​ထောင်မယ်။
အဝါ​ရောင်ဟူဒီ​လေး ဝတ်မယ်။

ဒီလိုပါပဲ
ပျော်စရာ​တွေ့ရင် ပျော်လိုက်မယ်
ငိုစရာ​တွေ့ရင် ငိုလိုက်မယ်
ဘဝက ဒါ​တွေနဲ့ပဲ သံသရာလည်နေတာ။

သတိရတယ်ဆို​ပေမယ့်
မင်းကြိုက်တဲ့ စာ​ရေးဆရာမ 'သျှင်မ'ရဲ့ စာအုပ်​တွေ မဖတ်ဘူး။
The Vamps ရဲ့သီချင်း​တွေလည်း နားမ​ထောင်ဘူး။
ဖြစ်နိုင်မယ်ဆိုရင်
မင်းဆီဖုန်းတစ်​ကောလ်​လောက်ဆက်ပြီး ကျန်းမာ​ရေးဂရုစိုက်ဖို့မှာချင်တယ်

ဆံပင်​တွေရှည်​နေပြီမို့လို့ ညှပ်ချင်ပြီ ဆိုတဲ့အ​ကြောင်း
K popper တွေရဲ့ ရန်ပွဲ​တွေအ​ကြောင်း
Horror Movie တွေအ​ကြောင်း
မင်း Bias ရဲ့ အသစ်ထွက်တဲ့သီချင်း​တွေအ​ကြောင်း

မင်း​ပြော​ပြနေကျ အ​ကြောင်းအရာ​​တွေက
မဖိတ်​ခေါ်ပါဘဲလည်း ကိုယ့်အာရုံ​တွေထဲဝင်ဝင်လာတယ်။
ရိုင်းလိုက်ကြပုံများကွယ်...

အခုလို မိုး​အေး​အေးရွာတဲ့ကာလမှာ
နွေး​နွေး​ထွေး​ထွေး​နေပါရဲ့လား
ဒါမှမဟုတ်
မင်းဝသီအတိုင်း ရေ​နွေးတစ်ခွက် စာအုပ်တစ်အုပ်နဲ့ပဲလား။

နီးမလိုလိုနဲ့ ဝေးခဲ့ကြတဲ့လမ်း​တွေအ​ကြောင်း​တော့
ပြောပြခွင့်မရလိုက်ပါဘူး။

အလည်လွန်​နေတဲ့အိပ်မက်​တွေကိုလိုက်ရှာ​တော့
မင်းကိုပါ​တွေ့တယ်။
ကိုယ့်ကိုယ်ကိုယ်ကျ​ပျောက်သွား​တော့ ဘယ်သူလိုက်ရှာပါသလဲ။

နောက်နှစ်မိုးကုန်ရင် နယ်မြို့​လေး​တွေဆီ ကျွန်​တော်ခရီးထွက်ချင်ပါတယ်
သေချာ​ပေါက် မင်းမရှိတဲ့​ဒေသ​တွေ​ကိုပေါ့။

18.9.2021(Sat)
#Nopel  

[Zawgyi]ေနာက္ႏွစ္မိုးကုန္ရင္
နယ္ၿမိဳ႕​​ေလး​ေတြဆီ ခရီးထြက္မယ္။
မင္းမႀကိဳက္တဲ့ Sad Ending ဇာတ္လမ္း​ေတြ​ေရးမယ္။
ဦးစိုင္းထီးရဲ႕ 'သဘာဝရဲ႕ ရင္​ေသြးငယ္​ေတြ'ဆိုတဲ့သီခ်င္းကို Repeat လုပ္ၿပီးနား​ေထာင္မယ္။
အဝါ​ေရာင္ဟူဒီ​ေလး ဝတ္မယ္။

ဒီလိုပါပဲ
ေပ်ာ္စရာ​ေတြ႕ရင္ ေပ်ာ္လိုက္မယ္
ငိုစရာ​ေတြ႕ရင္ ငိုလိုက္မယ္
ဘဝက ဒါ​ေတြနဲ႔ပဲ သံသရာလည္ေနတာ။

သတိရတယ္ဆို​ေပမယ့္
မင္းႀကိဳက္တဲ့ စာ​ေရးဆရာမ 'သွ်င္မ'ရဲ႕ စာအုပ္​ေတြ မဖတ္ဘူး။
The Vamps ရဲ႕သီခ်င္း​ေတြလည္း နားမ​ေထာင္ဘူး။
ျဖစ္ႏိုင္မယ္ဆိုရင္
မင္းဆီဖုန္းတစ္​ေကာလ္​ေလာက္ဆက္ၿပီး က်န္းမာ​ေရးဂ႐ုစိုက္ဖို႔မွာခ်င္တယ္

ဆံပင္​ေတြရွည္​ေနၿပီမို႔လို႔ ညႇပ္ခ်င္ၿပီ ဆိုတဲ့အ​ေၾကာင္း
K popper ေတြရဲ႕ ရန္ပြဲ​ေတြအ​ေၾကာင္း
Horror Movie ေတြအ​ေၾကာင္း
မင္း Bias ရဲ႕ အသစ္ထြက္တဲ့သီခ်င္း​ေတြအ​ေၾကာင္း

မင္း​ေျပာ​ျပေနက် အ​ေၾကာင္းအရာ​​ေတြက
မဖိတ္​ေခၚပါဘဲလည္း ကိုယ့္အာ႐ုံ​ေတြထဲဝင္ဝင္လာတယ္။
႐ိုင္းလိုက္ၾကပုံမ်ားကြယ္...

အခုလို မိုး​ေအး​ေအး႐ြာတဲ့ကာလမွာ
ေႏြး​ေႏြး​ေထြး​ေထြး​ေနပါရဲ႕လား
ဒါမွမဟုတ္
မင္းဝသီအတိုင္း ေရ​ေႏြးတစ္ခြက္ စာအုပ္တစ္အုပ္နဲ႔ပဲလား။

နီးမလိုလိုနဲ႔ ေဝးခဲ့ၾကတဲ့လမ္း​ေတြအ​ေၾကာင္း​ေတာ့
ေျပာျပခြင့္မရလိုက္ပါဘူး။

အလည္လြန္​ေနတဲ့အိပ္မက္​ေတြကိုလိုက္ရွာ​ေတာ့
မင္းကိုပါ​ေတြ႕တယ္။
ကိုယ့္ကိုယ္ကိုယ္က်​ေပ်ာက္သြား​ေတာ့ ဘယ္သူလိုက္ရွာပါသလဲ။

ေနာက္ႏွစ္မိုးကုန္ရင္ နယ္ၿမိဳ႕​ေလး​ေတြဆီ ကြၽန္​ေတာ္ခရီးထြက္ခ်င္ပါတယ္
ေသခ်ာ​ေပါက္ မင္းမရွိတဲ့​ေဒသ​ေတြ​ကိုေပါ့။

18.9.2021(Sat)
#Nopel

Midnight ThoughtsWhere stories live. Discover now