Summer breeze and you

2.8K 181 11
                                    

သစ်ပင်များဘေးပတ်လည်ကာရံထားသောတောင်ကုန်းလမ်းတစ်ခုတွင်အိမ်များသည်အနိမ့်မှအမြင့်သို့တန်းစီစွာတည်ရှိသည်။တစ်ချို့အပင်များသည်ပန်းများဖူးပွင့်နေကာ တစ်ချို့အပင်များ၏အရွက်များသည်မြေပြင်ပေါ်သို့ကြွေဆင်းသည်။တောင်ကုန်းထိပ်ဆုံးပိုင်းမှကြည့်လျှင်အရောင်စုံသောအိမ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သစ်ပင်များဘေးပတ်လည်ကာရံထားသောတောင်ကုန်းလမ်းတစ်ခုတွင်အိမ်များသည်အနိမ့်မှအမြင့်သို့တန်းစီစွာတည်ရှိသည်။တစ်ချို့အပင်များသည်
ပန်းများဖူးပွင့်နေကာ တစ်ချို့အပင်များ၏အရွက်များသည်မြေပြင်ပေါ်သို့ကြွေဆင်းသည်။တောင်ကုန်းထိပ်ဆုံးပိုင်းမှကြည့်လျှင်အရောင်စုံသော
အိမ်ခေါင်မိုးများနှင့်အတူနေရောင်ဖျော့ဖျော့အောက် တံလျက်ထကာလက်နေသောစိမ်းပြာရောင်မြစ်ရေပြင်ကြီး
နှင့်ထိုရေပြင်ပေါ်တွင်ရွက်လွင့်နေသော
သင်္ဘောများကိုမြင်နိုင်သည်။
မနက်အစောပိုင်းဖြစ်တာကြောင့်
သတင်းစာလာပို့သောစက်ဘီးမှခေါင်းလောင်းတီးသံကတစ်မျိုး၊
သင်္ဘောဆိပ်တွင်သင်္ဘောကပ်သောအသံကတစ်မျိုး ဆောင်းဟွန်းအားalarmမလိုအောင်နှိုးပေးကြသည်။အိပ်ရာပေါ်တစ်ပတ်နှစ်ပတ်လောက်လှိမ့်ပြီးဘေးတွင်ချထားသောဖုန်းscreenကိုကြည့်တော့မနက်၆နာရီ။ကျောင်းမသွားချင်သော်လည်း ကျောင်းတက်ရသည့်အကြောင်းအရင်းတစ်ခုဖြစ်သောပန်းချီclubတွင်ဆွဲထားသောပုံကိုဒီ​နေ့နောက်ဆုံးအပ်ရမှာမလို့သွားရမည်သာ။
အခန်းပြတင်းပေါက်ကိုဖွင့်လိုက်တော့ လှမ်းမြင်နေရသည့်မြစ်ပြင်ကျယ်ရှိ
ကမ်းကပ်ထားသောသင်္ဘောမှဆင်းနေကြသည်ခရီးသည်များ၊ပစ္စည်းအတင်အချလုပ်နေသော အလုပ်သမားဖြင့် သင်္ဘောဆိပ်တွင်စည်ကားစွာဖြင့်။
နဖူးပေါ်ဝဲကျနေသောဆံပင်တို့ကိုသပ်တင်​ပြီး ဘေးမှစားပွဲပေါ်ရှိတင်ထားသော ဆေးခြောက်သွားသွားပြီဖြစ်သည့်
canvasကိုလိပ်ကာ ဘူးအရှည်ထဲတွင်အဆင်သင့်ထည့်ထားလိုက်သည်။ထို့နောက်ရေချိုးရန်တန်းတွင်လှမ်း
ထားသောtowerကိုယူကာရေချိုးခန်းထဲသို့ဦးတည်လျက်။

𝙎𝙪𝙢𝙢𝙚𝙧 𝙗𝙧𝙚𝙚𝙯𝙚 𝙡𝙤𝙫𝙚 𝙨𝙩𝙤𝙧𝙮 Where stories live. Discover now