(Unicode)
"မွေးနေ့လက်ဆောင်"[ဇာတ်လမ်းတို]
*ထာဝရချစ်သွားမယ်*
တိတ်ဆိတ်မှောင်မဲနေသော ညအချိန် Korea နိုင်ငံ Soule မြို့ထဲကလမ်းတစ်နေရာ။
ဒီဇင်ဘာလဖြစ်သည့်အတွက် ငွေရောင်နှင်းစက်လေးများကလည်းတဖွဲဖွဲ
ဥတုရဲ့ အအေးဒဏ်ကလည်း အသည်းခိုက်မတတ်။တစ်ထပ်တိုက်အိမ်လေးထဲက ထိုးထွင်းနေတဲ့မီးရောင်ပြပြလေး။ထိုအိမ်လေးကဆိုးလ်မြို့မှာရှိတဲ့ အထပ်မြင့်တိုက်တွေရဲ့ကြားမှာ ပဲ တစ်မိုထူးခြား နေသည်။ရှေးစံလွန်းသည်။ဒဏ္ဍာရီထဲကလိုဘဲ မှော်ဆံလွန်းလှသည်။အလင်းပြပြလေးထွက်နေပုံထောက်ရင်ဖြင့်မီးဖိုထားတယ်ထင်ပါ့ မီးခိုးခေါင်းတိုင်ကနေ မီးခိုးငွေ့လေးတွေက တလူလူ ........
ဒီဇင်ဘာလ ရဲ့အအေးဒဏ်က အသည်းခိုက်မတက်မို့ မီးအိမ်ထဲထင်းတွေထည့်ပြီးမီးဖိုထားသည်။မီးခိုး ခေါင်းတိုင်ပါတဲ့ မီးဖိုအိမ်တွေကို အခုခေတ်လူတွေ မသုံးကြတော့ပေမဲ့ ထိုအိမ်ရဲ့ပိုင်ရှင်ကတော့ အလွန်နှစ်သက်နေသည်ပင်။
ထိုထင်းမီးအိမ်ဖိုကြီးကိုကျော ပေးကာ စာကြည့်မီးလေးဖွင့်ပြီး စာရေးနေတဲ့ ကောင်လေးတစ်ယောက်။မီးဖိုရဲ့ အနွေးဓာတ်ကြောင့် အချမ်းပေါ့နေပုံရသည်။
Hoodie အဝါရောင်လေးကိုဝတ်ဆင်ထားကာ JJ ဘောင်းဘီကို စတိုင်ကျကျဝတ်ဆင်ထားပြီး တချက်တချက်မျက်မှန်ကို ပင့်တင်ကာ စာရေးနေတဲ့ ကောင်လေးတစ်ယောက်။
မီးရောင်ပြပြလေးအောက်မှာ စာထိုင်ရေးနေတဲ့ ထိုလူသားက ဘာအပြင်အဆင်မှမပါတာတောင် အရမ်းလှလွန်းသည်။ရှည်လျသွယ်တန်း ဖြူဖွေးနေတဲ့ လက်သွယ်သွယ်လေးနဲ့ laptop ကိုတချောက်ချောက်နှိပ်နေသည်။ထိုလက်ချောင်းလေး တွေနဲ့ပင် မျက်မှန်လေးကို တချက်တချက်ပင့်တင်နေသေးသည်။ထိုမျက်မှန်လေးရဲ့အောက်မှာ ပုန်းလျှိုးနေတဲ့ မျက်ဝန်းလှလှလေးတစုံ။အပေါ်မျက်တောင်မွှေးလေးတွေက ရှည်လျကာ အောက်ကိုခပ်လျောလျောလေးဆင်းကျနေသည်။အောင်မျက်တောင်မွှေးလေးက ခပ်စိတ်စိတ်နဲ့ မှဲ့ခပ်ရေးရေးလေးက အညိုရောင် မျက်ဝန်းတစုံကို ပိုညှို့ယူစွမ်းအားပြင်းအောင် ထောက်ပံ့နေသည်။
YOU ARE READING
Birthday Present [생일선물]By Tulipkoo <UNICODE & Zawgyi>{ Complete }
Fanfiction[Unicode] December 30,2021 မှာကျရောက်မယ့် စာရေးဆရာလေး Kim Taehyung ရဲ့မွေးနေ့တွင် ရောက်ရှိလာသည့် ပေးသူအမည်မပါတဲ့ လက်ဆောင် တစ်ခု။ထိုလက်ဆောင်ကို ရပြီး နောက်1895 ခုနှစ် သို့ရောက်ရှိသွားသည်။ထို့နောက် ထိုစာရေးဆရာလေး ရဲ့အမြဲမတ်နေကျ အိမ်မက်ထဲတွင် သူ့ကို...