အရိပ်သဖွယ် ကောင်မလေး (၁)

199 0 0
                                    

ဒီနှစ် မိုးရာသီက အရမ်းရှည်တယ်
မိုး ဆယ်ရက်လောက် ဆက်တိုက်ရွာပီးတဲ့ အချိန်မှာ မြို့သူမြို့သားတွေက
နေအထွက်စောင့်မနေဖြစ်ကြတော့ဘူး
အိမ်ထဲမှာပဲနေဖြစ်ကြတော့တယ်

မြို့ဆင်ခြေဖုံး တနေရာမှာတော့ ရထားလုံးတစီး လမ်းတနေရာမှာ ရပ်သွားတယ်
ဒီနေရာက နေ့လား ညလား သိပ်ခွဲလို့ မရဘူး
ဒီနေရာမှာ ပုံမှန်သွားတာဆိုလို့ စာပို့သမားတွေပဲစာတိုက်ရုံးကို သွားတာရှိတယ်
သာမန်လူတွေကတော့ ဒီနေရာက ရှောင်ကြတယ်
ရထားလုံး ပုံစံရယ် မြင်းတွေရယ် ကြည့်တာနဲ့တင် ရထားလုံးထဲကလူက
အဆင့်အတန်း မြင့်တဲ့ အထဲကမှန်း သိသာနေတယ်
အစေခံတယောက်က အရင်ဆင်းလာပီး တံခါးဖွင့်ပေးလိုက်ပီးနောက် လယ်သာဖိနပ် ပိုးဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတယောက် ဆင်းလာတယ်

"ရှေ့ကသွား"
သူမ အသံက တိုးပေမဲ့ နားထောင်ချငိစဖွယ်
အရိပ်ထဲက လူတယောက် ထွက်လာတယ်
"ဒီလမ်းပါ သခင်မ"
လမ်းက ရှုပ်ပွနေပီး နံနေတယ်
"သခင်မ" သူမကိုယ်ရံတော်က ခေါ်လိုက်တယ်
"တကယ်လို့ သခင်မ မသွားချင်ရင် သခင်မ ရထားလုံးမှာပဲ စောင့်နေပါ
ကျွန်တော် သွားလိုက်ပါ့မယ်"
"မဖြစ်ဘူး ငါသွားမှရမယ်"

အင်နာစတရှာ ဘေး
သူမက မားကွပ် ဂီလပ် ဘေးရဲ့ ဇနီး
သခင် ဘေးရဲ့ ပိုင်ဆိုင်မှုတွေက အရမ်းများပီး
စစ်ပီးတဲ့ နှစ်တရာအတွင်း ဘေးအိမ်တော်ဟာ အရမ်းနာမည်ကြီးလာခဲ့ပီး
အီဟာအိမ်တော် လို့ လူတွေခေါ်ကြတယ်
အိမ်တော်က အမျိုးသမီးက ဆင်ခြေဖုံးကို ဘာလို့ လာတာပါလိမ့်

"ဘာ​ကြောင့်လဲဆိုတာ ငါသိခွင့်ရှိမလား သခင်မ"
လမ်းပြကမေးလိုက်တယ်
"သခင်မ ဒီကလေးကို ဘာလို့ရှာနေတာလဲ"
ကိုက်ရံတော်ရဲ့ ဓါးက သူ့ဆီရောက်လာပီး
"မင်း အသက်ကို နှမြောရင် ငြိမ်ငြိမ်နေ"
လမ်းပြဟာ ငြိမ်သွားတယ်

သွားနေရင်းနဲ လမ်းပြဟာ အနီရောင်ဖဲပွင့်လေးနဲ့ အိမ်ကို ညွှန်လိုက်တယ်
"အဲနေရာပဲ ငါ တော်တော်ရှာလိုက်ရတယ်
သူ့ အမေက သူ့ကို တော်တော်ချစ်တာ"
မိုးတွေထဲမှာ သူတို့ရှာနေတဲ့ ကလေးလေးက ထိုင်နေတယ်

ကိုယ်ရံတော်က လမ်းပြကို ကျသင့်ငွေ ပေးလိုက်တယ်
သခင်မ ဘေး က ကိုယ်ရံတော်ကို လှမ်းပြောလိုက်တယ်
"သူ နှုတ် လုံမလုံ စောင့်ကြည့်ပေးအုံး"

မိုးရေထဲက ဘာတွေကို အာရုံစိုက်နေမှန်းမသိတဲ့ ကလေးလေးဟာ
သူ့နားကို လူတယောက်ရောက်နေတာကို သတိမထားမိဘူး
သူမရဲ့ပါးပြင်လေးတွေဟာ ညစ်ပတ်နေပီး
သူမရဲ့ ရွှေရောင် ဆံပင်တွေက ခါးအထိရှည်နေတယ်

"လမ်းပြပြောတာက ကလေးက အသက် ၁၂ နှစ်ရှိပီဆိုပဲ"
ကလေးက သိိပ်မထွားဘူး
သူမဟာ သစ်သားရုပ်လေးကို ထွင်းနေတာ

သခင်မဘေးဟာ ကလေးလေးနားမှာ ရပ်လိုက်ပီး
"ဟေ့ ကလေးလေး"
ကောင်မလေးက ရုတ်တရက် လန့်သွားပီး လှမ်းကြည့်လိုက်တယ်
သူမရဲ့ လှပတဲ့ မြစိမ်းရောင် မျက်လုံးလေးတွေဟာ သခင်မဘေးကို
အံဩသင့်သွားစေခဲ့တယ်

အချစ်ကို ရှာဖွေခြင်း ( Myanmar translation)Where stories live. Discover now