Intro

17.7K 872 42
                                    

Unicode~

ကြား​နေကျ ဒီအသံ​လေး..။

ချိုအီ​နေ​သော တ​ယောသံ​​လေးက လွှမ်း​မောဖွယ်​ကောင်းစွာပင် နားထဲစိမ့်၀င်လာသည်။
အ​ကြောင်းအရင်းမရှိပါဘဲလျက် မျက်ရည်ပူများ စီးကျလာပြန်သည်။

​နဖူးထက်က ​ချွေးစီးများ စီးကျ​နေတာမို့ ​ခေါင်းအုံးတစ်ခုလုံး စိုစွတ်​နေပြီဖြစ်သည်။

လျင်မြန်လွန်း၍ မူမမှန်​သော နှလုံးခုန်သံခပ်မြန်မြန်နဲ့အတူ ကျွန်​တော့်မျက်၀န်း​တွေ ပွင့်လာသည်။

တူညီ​သော အချိန်မှာ တူညီ​သော အိပ်မက်ကို ထပ်မက်ပြန်ပြီပဲ။
​ကုတင်နံ​ဘေးရှိ ​ရေကရားထဲက ​ရေတစ်ခွက်အပြည့်​သောက်သုံးပြီးသည့်တိုင် မွှန်းကြပ်​သော ခံစားချက်ကြီးက ​ပျောက်ကွယ်မသွားပါ။

ဒီအိပ်မက်ကို မက်ပြီးတိုင်း တစ်စုံတစ်​ယောက်ကို လွမ်း​သော ခံစားချက်ခပ်​​ဆွေး​ဆွေးက ရင်ထဲကျန်​နေကျပင်။
ဘယ်သူဘယ်ဝါမှန်း မသိပါဘဲလျက် ထိုသူကို သိပ်လွမ်း​နေသည်။
ထိုသူ၏ မျက်နှာကို မသိသည့်တိုင် သူဟာ ကျွန်​တော့် စိတ်ဝိဉာဥ်ထဲ ​နေရာယူပြီးသား ဖြစ်​နေသည်။

အိပ်မက်​လေးရဲ့ တစ်ခုတည်း​သော ပုံရိပ်က တ​ယောတံထက် ​ပြေး​ဆော့​နေတဲ့ လက်သွယ်သွယ်​လေး​။
လက်​ချောင်းများထက်က လက်သည်းခွံခပ်ရှည်ရှည်​​လေး​တွေက တ​ယောတံထက်​​လှုပ်ရှား​နေသလို ကျွန်​တော့်နှလုံးသားထက် ​ပြေး​ဆော့​နေခဲ့သည်။

---------

Zawgyi~

ၾကား​ေနက် ဒီအသံ​ေလး..။

ခ်ိဳအီ​ေန​ေသာ တ​ေယာသံ​​ေလးက လႊမ္း​ေမာဖြယ္​ေကာင္းစြာပင္ နားထဲစိမ့္၀င္လာသည္။
အ​ေၾကာင္းအရင္းမရွိပါဘဲလ်က္ မ်က္ရည္ပူမ်ား စီးက်လာျပန္သည္။

​နဖူးထက္က ​ေခြၽးစီးမ်ား စီးက်​ေနတာမို႔ ​ေခါင္းအုံးတစ္ခုလုံး စိုစြတ္​ေနၿပီျဖစ္သည္။

လ်င္ျမန္လြန္း၍ မူမမွန္​ေသာ ႏွလုံးခုန္သံခပ္ျမန္ျမန္နဲ႔အတူ ကြၽန္​ေတာ့္မ်က္၀န္း​ေတြ ပြင့္လာသည္။

တူညီ​ေသာ အခ်ိန္မွာ တူညီ​ေသာ အိပ္မက္ကို ထပ္မက္ျပန္ၿပီပဲ။
​ကုတင္နံ​ေဘးရွိ ​ေရကရားထဲက ​ေရတစ္ခြက္အျပည့္​ေသာက္သုံးၿပီးသည့္တိုင္ မႊန္းၾကပ္​ေသာ ခံစားခ်က္ႀကီးက ​ေပ်ာက္ကြယ္မသြားပါ။

ဒီအိပ္မက္ကို မက္ၿပီးတိုင္း တစ္စုံတစ္​ေယာက္ကို လြမ္း​ေသာ ခံစားခ်က္ခပ္​​ေဆြး​ေဆြးက ရင္ထဲက်န္​ေနက်ပင္။
ဘယ္သူဘယ္ဝါမွန္း မသိပါဘဲလ်က္ ထိုသူကို သိပ္လြမ္း​ေနသည္။
ထိုသူ၏ မ်က္ႏွာကို မသိသည့္တိုင္ သူဟာ ကြၽန္​ေတာ့္ စိတ္ဝိဉာဥ္ထဲ ​ေနရာယူၿပီးသား ျဖစ္​ေနသည္။

အိပ္မက္​ေလးရဲ႕ တစ္ခုတည္း​ေသာ ပုံရိပ္က တ​ေယာတံထက္ ​ေျပး​ေဆာ့​ေနတဲ့ လက္သြယ္သြယ္​ေလး​။
လက္​ေခ်ာင္းမ်ားထက္က လက္သည္းခြံခပ္ရွည္ရွည္​​ေလး​ေတြက တ​ေယာတံထက္​​လႈပ္ရွား​ေနသလို ကြၽန္​ေတာ့္ႏွလုံးသားထက္ ​ေျပး​ေဆာ့​ေနခဲ့သည္။

---------

𝘿𝙚́𝙟𝙖̀....Where stories live. Discover now