Chapter - 9

11.1K 1.3K 202
                                    

Olivier Shane က သူဌေးဆိုတာကိုတောင် မေ့လျော့ကာ ပစ်ဝင်တိုက်ခဲ့ပြီးမှ လှမ်းအော်ခေါ်မှာစိုး၍ အခန်းရှိရာသို့ ကောင်းဆက်ပြန်ပြေးတော့သည်။ အခန်းထဲဝင်လိုက်သည်နှင့် စကားသံများမရှိ၊ဂိမ်းအသံတချို့သာ ထွက်ပေါ်နေပြီး ကိုယ်စီကိုယ်ဌအလုပ်စလုပ်နေပြီမို့ မိမိနေရာဆီ လျှောက်ခဲ့ကာ လှမ်းကြည့်နေသည့် နိုရာ့ကိုပြုံးပြလိုက်သည်။

"ကောင်းဆက် မင်း သူဌေးရုံးခန်းကပြန်လာတာလား.."

"အင်း..."

"Mr Shane က မင်းကိုဘာခေါ်လုပ်တာလဲ.."

"ဘာ!"

"အော် ငါမေးချင်တာက ခေါ်ထားပြီးဘာပြောတာလဲ၊ ဘာလုပ်ခိုင်းတာလဲလို့မေးတာပါ။ စောက်အတွေးကဆယ့်နှစ်ရာသီချော်နေ..."

မျက်မှန်ပေါ်မှကျော်ကြည့်ကာ မကျေမချမ်းပြောလာသည့် နိုရာကိုကောင်းဆက် ထပ်မံရယ်ပြလိုက်သည်။ဘာပဲဖြစ်ဖြစ် သူ့အတွေးတွေချော်ထွက်ခဲ့သည်ကိုး...

"ဘာရယ်မဟုတ်ပါဘူး။ Report တင်ဖို့အကြောင်းသေချာပြောပြတာ။"

"အော်.."

"နိုရာ? ဒီမှာ နေ့လည်စာပါကျွေးတယ်ဆိုတော့ ငါတို့ထမင်းချိုင့်ဖွင့်စားစရာမလိုတော့ဘူးပဲ။နောက်​နေ့လဲသယ်စရာမလို​တော့ဘူး။"

"အေးနော်။"

"ထမင်း၊ဟင်းတွေ ပြန်သယ်သွားကြတာ​ပေါ့ကွာ။"

"သယ်စရာလား....Tea Time ကျရင် ငါ ထပ်စားလိုက်မယ်လေ။ သယ်လာပြီးမှတော့ ပြန်ယူသွားဖို့က မကောင်းဘူးလေနော် မိဘတွေကိုအားနာစရာကြီး။"

အစားအသောက်နဲ့ပတ်သတ်ရင် နိုရာတစ်ယောက်က တားမရဆီးမရမို့ ထပ်ပြောမနေချင်တော့တာကြောင့် အလုပ်ပထမနေ့ကိုစတင်ခဲ့တော့သည်။ အခန်းထဲတွင် အဲကွန်းနှစ်လုံး၊ ​လေသန့်စက်၊ ​ရေပူ​ရေ​အေးစက်နှင့် တစ်ရှူး တာဝါအစရှိသည်များ ထား​ပေးထားသည့်အပြင် Toilet ကိုပါ ထည့်ထား​ပေးသည်။ အဲကွန်းတလုံးက ​ကောင်းဆက်ရဲ့​နောက်​ကျောတည့်တည့်မှာရှိနေပြီး ​ထိုအဲကွန်းမှ​လေသည် ခေါင်း​ပေါ်မှ​ကျော်ကာ ကီးဘုတ်​ပေါ် လှုပ်ရှား​နေသည့် လက်နှစ်ဖက်ဆီသို့ တိုက်ရိုက်ကျ​ရောက်သည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now