|| SEHUN X BAEKHYUN |||| AMOUR'S ||
________________________________
လူရှင်းသော ပန်းချီပြခန်း၏ ထောင့်ဘက်တွင် ပန်းပုဆစ်သောအချိုးနှင့်အနက်ရောင်ကုတ်အင်္ကျီဝတ် အမျိုးသားတစ်ဦး မတ်တပ်ရပ်နေပါ၏။နက်မှောင်သော ပုံကျသည့် ဆီသပ်ဆံပင်က ထိုအမျိုးသားအား ခန့်ညားသည်ထက်ပိုသွားစေသည်မှာ အမှန်။တင်းတင်းစေ့သော နှုတ်ခမ်းပါးတို့နှင့်ဘာမထီမျက်ဝန်းကျဥ်းကျဉ်းတို့က ထိုအမျိုးသား၏ သြဇာတိမကိုပိုစေသယောင်။ အရှိန်အဝါက ဘေးဘက်ရှိ သတ္တဝါအနန္တအား မှေးမှိန်သွားမတတ်တောက်ပနေပါ၏။
ထိုအမျိုးသားက နံရံထက်ရှိ
" Amour's " တည်းဟူသောပန်းချီကားအား မမှိတ်မသုတ်စိုက်ကြည့်နေပါ၏။အပြာရင့်ရောင်နှင့်အစိမ်းပုပ်ရောင်ဆီဆေးတို့၏သပ်ရပ်မှုသည် ပန်းချီပညာရှင်၏တန်ဖိုးကိုအရောင်တင်နေပါ၏။အနုစိတ်သောခြယ်မှုန်းမှုတို့သည် ပန်းချီခံစားသူကိုပါ စိမ့်ဝင်သွားစေမတတ် မှော်ဆန်လွန်းလှသည် ။
အစိမ်းပုပ်ရောင် .. ရွှေရောင် .. အပြာနုနု ..
ရင်ခုန်စဖွယ် .. ခန့်ညားစဖွယ် .. ကြောက်ရွံစဖွယ် ဆေးချက်တို့။
ဆေးချက်တို့တွင် ရဲရင့်ပြတ်သားမှုကိုခံစားရသည် ။ ချစ်ခြင်းမေတ္တာကို ခံစားရသည် ။ နူးညံ့သိမ်မွေ့ခြင်းကိုလည်း ခံစားရသည် ။ ရက်စက်ခြင်းကိုလည်း ခံစားနေရပါ၏ ။
ရှုက်ယှက်ခတ်သော်ငြားသေသပ်သည့်စုတ်ချက်တို့သည်ကား အဆုံးတွင် အပျက်အဆီးပုံတစ်ခု(သို့ ) ပျက်ဆီးနေသည့်အခန်းတစ်ခုကို ရေးဆွဲထားသည်။ပန်းချီကား၏ အေးစက်ခြင်းတွေက ကြည့်ရှုသူကိုပါအထီးကျန်စေသည်အထိ။
မာယာ ... ရမ္မက်... ပျက်သုဉ်းခြင်း ...
သရုပ်စုံစွာ။
ဤအရာသည် အဘယ်ကြောင့်များ အချစ်ဖြစ်ရပါသနည်း။
စူးစိုက်၍ စေ့စပ်စွာကြည့်မိသည်။
ရုတ်တရက် ကြည့်နေရာမှ အာရုံစိုက်သောမျက်ဝန်းတို့သည် မြူးထူးဟန်သို့ပြောင်းသွားပါ၏။
YOU ARE READING
AMOUR'S
Fanfiction|| SEBAEK || Pen For More Dreams ရဲ့ Donation Project မှာ အစ်မပါဝင်ရေးသားထားတဲ့ one short လေးကို Christmas Gift အနေနဲ့ ပြန်တင်ပေးတာ ဖြစ်ပါတယ် ။