Chapter - 10

11.8K 1.3K 196
                                    

သိတတ်စအရွယ်ကတည်းက မေမေမှလွဲ၍ သူစိမ်းတစ်ဦးတစ်ယောက်မှ ထိကိုင်ခြင်းမခံဖူးသည့် နှုတ်ခမ်းတစုံကို မျိုးတူယောက်ကျားလေးတစ်ယောက်ရဲ့ နှုတ်ခမ်းနှင့် လူကြားထဲဖိကပ်ခံလိုက်ရခြင်းအ​ပေါ် ကောင်းဆက်ပူထူကာ Shane ရဲ့စကားကို ခပ်မြန်မြန်ပင်ဖြေ၍ အခန်းရှိရာသို့ ပြန်ပြေးလာခဲ့သည်။

"ငါ့ကိုစောင့်ဦး ကောင်းဆက်.."

"............"

"ဟေ့ကောင်စောင့်ပါဦး!.."

ထမင်းဂျိုင့်ထဲက ဟင်းအနည်းငယ်ယူစားမည်ဟုကြံရွယ်ခဲ့ပြီး ထမင်းစားခန်းကို ဂျိုင့်တွေသယ်ခဲ့မိရာက ယခုလိုကောင်းဆက်က ဘာမှမယူတော့ပဲခြေကုန်သုတ်ပြေးသည့်နောက် နိုရာမှာထမင်းဂျိုင့်နှစ်လုံး၊ အနွေးထည့်ဂျက်ကတ်နှစ်ထည်ဖြင့် ဒိုးဆွဲအိုးဆွဲပြေးလိုက်ရသည်။ဘယ်တုန်းကမှ ကောင်းဆက်ခြေလှမ်းကိုမမှီသည်မို့ ဒီတခေါက်လဲမမှီ...

"ဟေ့ကောင်​ရေ မှန်! မှန်! တိုက်တော့မယ် တိုက်ပြီဟ တိုက်ပြီ!!"

အနောက်မှ လှမ်းအော်နေသည့် နိုရာစကားတွေကိုမသိကျိုးကျွံပြုကာ ကမူးရှုးထိုးပြေးလာမိသည့် ကောင်းဆက်မှာ မှန်တံခါးချပ်ကြီးကိုမမြင်ခဲ့။ ယနေ့မှဒီCompany ကို စရောက်ပြီး ထမင်းစားဖို့လာသည့်အချိန်ကသာ ထိုမှန်တံခါးမှတကြိမ်ဖြတ်ဖူးသည်။ထို့အတူ မှန်ချပ်ကလဲကြည်တောက်နေတာကြောင့် ဒီနေရာမှာမှန်ရှိသည်ဆိုတာကို သတိမထားမ​တော့ အရှိန်နဲ့ဝင်တိုက်ကာ အနောက်သို့ဖင်ထိုင်လျက်ပြုတ်ကျတော့ တော်တော်နဲ့တောင် မထနိုင်ခဲ့။

"ဒီလောက်အော်ပြောနေတာကို မင်းနားက နားဖာချေးပိတ်နေတာလား။"

"ငါ..."

လက်မောင်းတဖက်မှဆွဲထူကာ ပွစိပွစိပြောနေသည့် နိုရာက ရေနွေးကြောင့်ရဲနေသည့် လက်ခုံကိုပါလှမ်းကြည့်လာသည်။

"ရေနွေးကတော်တော်ပူနေတယ်ထင်တယ် မင်းလက်ကြီးရဲနေတာပဲ။ တာဝန်ခံကိုပြောပြီး လိမ်းဆေးတောင်းပေးမယ်။"

"ရတယ် အိမ်ရောက်မှလိမ်းပါ့မယ်။ "

"မင်းရှက်နေတာလား ကောင်းဆက်?"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now