Chapter - 11

10.8K 1.2K 107
                                    

တဖြည်းဖြည်းနဲ့ universe မှာ အလုပ်ဝင်ခဲ့သည်မှာ တလကျော်ကြာမြင့်ခဲ့ပြီး ဒီနေ့လည်း ထုံးစံအတိုင်း report တင်ရန် လာခဲ့ချိန်တွင် Olivier Shane  supervisor နဲ့စကားပြောနေပြီး Devin ဆိုသူ သူ့သူငယ်ချင်းဖြစ်သူလဲရှိသည်။

"Report လာတင်တာပါ"

"အင်း ​ကောင်းဆက် ထူးထူးခြားခြားဘာရှိလဲ"

"မရှိဘူး မနေ့က ဆော့ကြည့်လို့ပြီိးသွားတဲ့ နာမည်တွေအကုန်လုံး ဒီထဲထည့်ရေးထားတယ် ဖတ်ကြည့်လိုက်။ ခွင့်ပြုပါဦး"

ကမ်းပေးလိုက်သောဖိုင်တွဲကို လှမ်းယူလိုက်ပြီမို့ ပြန်ထွက်အံ့ဆဲဆဲမှာပင် ခေါ်သံထွက်ပေါ်လာခဲ့သည်။

"​ကောင်းဆက် ခဏ"

အကြည့်တော့မရောက်လာ ခေါင်းတော့ဆတ်ပြလာခဲ့သည်။ Shane အနားသို့ပြန်လျှောက်လာကာ သူ့ရဲ့စားပွဲရှေ့ မတ်တပ်ရပ်ရင်း ဘာအကြောင်းအရာများပြောလေမလဲ နားစွင့်ရင်းဖြင့် Devin ဆိုသူကိုလဲ အကြည့်ရောက်သွားရသည်။ Devin ကတော့ ကောင်းဆက်ကိုကြည့်မနေခဲ့ပဲ လက်တဖက်ကမေးကိုထောက်ထားကာ နောက်တစ်ဖက်က Gallery ထဲကပုံ​တွေဖျက်​နေသည်။

စပ်စုတာမဟုတ်​ပေမဲ့လို့ ဓာတ်ပုံတွေက Devin နှင့်​နောက်​ယောက်ကျား​​လေးတစ်​ယောက်ဖက်ကာ ရိုက်ထားခြင်းဖြစ်ပြီး သာမာန်ရိုးရိုးတန်းတန်းဖက်ထားသည့်ပုံနှင့်​တော့ မတူ​ပေ။ ဘာလဲ....ဒီလူက လိင်တူချစ်ကြိုက်သူလားဟု အတွေးဝင်လာတော့ ထိုင်နေသည့် သူ့ကိုခြေဆုံး၊ခေါင်းဆုံးကြည့်နေမိသည်။ Olivier Shane ထံမှလဲ နောက်ထပ်စကားသံထွက်မလာတော့ စောင့်ဆိုင်းရင်း၊ အကဲခတ်ရင်းဖြင့် စကားသံထွက်မလာသည့် အဆုံးမှာတော့ ကောင်းဆက်ဘက်က စ​ပြောလိုက်​တော့သည်။

"Mr Shane ကျွန်တော့်ကိုဘာများ...."

မေးရင်းနှင့်တဆက်တည်း Shane ထံသို့ကြည့်လိုက်သည့် တခဏ စကားလုံးများကလေထဲတင်ပင် ပျောက်သွားရသည်။ အကြောင်းကား စားပွဲပေါ် လက်​ထောက်ထားကာ လက်ဖဝါးနှစ်ဖက်ကိုယှက်ထားပြီး ဟိုဘက်၊ဒီဘက် လက်ညှိုးနှစ်ခုကိုပူးတွဲဆန့်တန်းကာ မေးစေ့အောက်မှာထိကပ်ထားပြီး ကြည်လဲ့နေသည့် မီးခိုးရောင်မျက်လုံးတစ်စုံက​တော့ မျက်တောင်မခတ်စတမ်း သူ့ကိုငေးကြည့်နေတာကြောင့်ပင်။ စက္ကန့်တချို့စာ အပြန်အလှန်ကြည့်နေခဲ့ကြပြီးမှ Shane ဘက်မှအကြည့်လွှဲသွားပြီးနောက်...

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now