Part 10 Pat Talk

2.5K 170 46
                                    

တကယ်တော့ အရက်ဆိုင်ကိုPranရောက်လာခဲ့မည်ဟုကျွန်တော်မထင်ခဲ့။
အထူးသဖြင့် အဲ့ဒီ မျောက်ကောင်နဲ့အတူပေါ့။
ကျွန်တော်ဘာကိုဒီလောက်မကြိုက်ဖူးလဲဆိုတာသူသိသင့်သည်။

ကျွန်တော်ဒီနေ့အမူးသောက်ချင်သည်။
ဒီနေ့လဲ အရင်နေ့တွေလိုပဲကျွန်တော် မနက်ပိုင်းကျောင်းသွားပြီး ညနေ Kornနှင့်အတူ အရက်သောက်သည်။

Natက ကျွန်တော်နှင့်ရက်အတော်ကြာအဆက်သွယ်မရသဖြင့် အရက်ဆိုင်သို့လိုက်လာသည်။
Paaက acc မှန်သမျှ blockထားတာ သူဘယ်လိုဆက်သွယ်လို့ရနိုင်ပါမလဲ။

Natကိုဘယ်သူပဲဖုန်းဆက်ခေါ်ခေါ် ကျွန်တော့်ကိုခုလိုအနှောက်ယှက်ပေးတာနှင့်တူတူပဲဖြစ်သည်။
နောက်ဆုံးတော့ ကျွန်တော်တို့က ချော‌မွေ့ စွာပဲ အရက်ဆိုင်မှာ မတော်တဆတွေ့ဆုံကြသလိုဖြစ်သွားသည်။
ကျွန်တော်ကမိန်းမတွေနဲ့ပတ်သတ်ရင် မထိန်းသိမ်းနိုင်ဖူးလို့ လူတွေ ဘာလို့ပြောကြလဲနားမလည်။ အမှားတခုရှိယုံနဲ့ကျွန်တော် ဘယ်သူ့ကိုမှထပ်ပြီးမယုံကြည်နိုင်တော့ပါ။

ရူးကြောင်ကြောင်အရာတွေ တချို့ကြောင့် မိန်းကလေးတွေနဲ့ကစား နေခဲ့တာကျွန်တော်အဖမ်းတောင်ခံရနိုင်သည်။

ကျွန်တော် ဘယ်လိုဖမ်းမိခံနိုင်မလဲ။
ကျွန်တော်တကယ် ရူပ်ချင်တဲ့သူက တခြားကောင်ကိုရွေးချယ်သွားခဲ့ပြီ။
Pran ရဲ့ မျက်နှာကစိတ်ရူပ်စရာကောင်းလောက်အောင် နီရဲနေသည်။

"Pat ဘယ်သွားမလို့လဲ"

ကျွန်တော် ဖန်ခွက်နှင့်ပိုက်ဆံကိုစားပွဲပေါ်ချပြီး ထရပ်သည်။Natက ကျွန်တော့်လက်မောင်းကိုဖမ်းဆုပ်သည်။ဆိုင်ထဲကလူတွေ အကြည့်ကကျွန်တော်တို့နစ်ယောက်ဆီ ရောက်လာသည်။ ကျွန်တော်နှင့်ထိုမိန်းကလေး ရန်ဖြစ်နေတာကိုမည်သူမှတော့မပိတ်ပင်။

"ရန်မဖြစ်ရခင် ငါသွားတော့မယ်"

"Patက ဘာကြောင့် ထွက်ပြေးတာလဲ"

"မရူပ်စမ်းနဲ့ Natရာ"

"ဘာလို့မရူပ်ရမှာလဲ Natတို့ကတွဲနေကြတာကို"

"ကိုယ်တို့တည အတူအိပ်ဖူးတာနဲ့ပဲ တွဲနေတာမဟုတ်ဖူးလေ၊ အဲ့တာ Natရဲ့ဆန္ဒအလျောက်ဖြစ်ခဲ့တာပဲ ၊ ကိုယ်လိမ်လည်ပြီးယူခဲ့တာမဟုတ်ဖူး၊ Natပဲအရင်စခဲ့တာ မှတ်မိရဲ့လား"

BBS Ohmnanon Mm translation.Tempat cerita menjadi hidup. Temukan sekarang