Chapter - 13

10.2K 1.2K 220
                                    

သူငယ်ချင်းဖြစ်သူကို တွေ့ရာက​နေ အလောကြီးစွာ မိတ်ဆက်ပေးပြီးနောက် ကမ်းပေးလာတဲ့လက်ကို ကြောက်စရာသတ္တဝါကြီးလို စိုက်ကြည့်နေခဲ့သည့် ကောင်းဆက်။ company မျက်နှာကြောင့် ပြန်နှုတ်ဆက်ရန်ပြင်လိုက်တဲ့ ကောင်းဆက်အနေအထားကြောင့် Shane ကပင် သူငယ်ချင်းကိုစကားလမ်းကြောင်းပြောင်းကာ ဆွဲခေါ်လာခဲ့သည်။ ကိုယ့်သေခြင်းတရားတောင်ကိုယ်မမြင်ချင်တာ ဒီလိုသူများရဲ့ပုံပျက်ပန်းပျက်သေတာတွေ၊ ဝေဒနာခံစားရပြီးသေတာတွေကိုမြင်နေရတာ​တွေ၊ ပြီးတော့ မြင်လိုက်ရတဲ့တခဏ ထိုသူတွေရဲ့နာကျင်မှုမျိုးကိုပါ ထပ်တူခံစားရတဲ့ ​ကောင်းဆက်အဖို့ သူများလက်ကိုပြန်ဆုပ်ကိုင်ဖို့ ဝန်လေးနေသည်မှာမဆန်းပေ။

နိုရာကိုဓာတ်ပုံရိုက်ဖို့ခေါ်လာခဲ့ပေမယ့် နိုရာရိုက်ပေးတာကတပုံတည်း၊ နိုရာနဲ့တွဲပြီးအရိုက်ခံချင်​နေတဲ့ Devin ကိုလိုက်ရိုက်ပေးနေရသည်က ခပ်များများ၊ ထို့နောက်တော့ Devin နဲ့နိုရာ အရက်ခွက်ကိုယ်စီနဲ့သောက်နေခိုက် Shane ကတော့ နိုရာရိုက်ပေးထားသည့် အဖွဲ့ပုံကို ကြည့်နေခဲ့သည်။

"မီးဆိုင်းပြုတ်ကျတော့မယ် ဖယ်!!!"

ဟူသော ကောင်းဆက်ရဲ့အော်သံနက်ကြီးနဲ့အတူ တစုံတခုပြုတ်ကျကွဲသံကြီးကပါ ကပ်ပါလာသည်မို့ အသံလာရာနေရာဆီ ရောက်ရှိသွားချိန်မှာ တကယ့်ကို မမြင်ရက်စရာ မြင်ကွင်းတခုက Shane ကို ဆီးကြိုနေသည်။ အော်သံဟစ်သံ သွေးသံရဲရဲတွေနဲ့ ပြေးလွှားနေကြတဲ့ သူတွေကြား Shane ရဲ့​ခြေလှမ်းများက ယိုင်တိုင်တိုင်နှင့် မီးဆိုင်းပိသူနှင့်မလှမ်းမကမ်းမှာ ရပ်​နေသည့် ​ကောင်းဆက်ဆီသို့။

"Devin? "

ဘယ်လောက်ပင်မျက်နှာပြောင်သူဖြစ်ပါစေ ဆရာဝန်တစ်ယောက်ဖြစ်သည့် Devin က အနာတရဖြစ်ရပ်နှင့်ကြုံတိုင်း တည်ငြိမ်တတ်သွားစမြဲ။ ဝန်ထမ်းတွေဆီက ဆေးသေတ္တာတောင်း​နေသည်။ ကောင်းဆက်ထံသို့ ရောက်လုဆဲဆဲမှာပင် မီးဆိုင်းကိုချိတ်တွယ်ထားသည့် ဂျိတ်ကြီးက မီးဆိုင်းပေါ်ထပ်မံပြုတ်ကျလာပြီးနောက် ထိုအရှိန်ကနေတဆင့် ဖန်စအရှည်ကြီးက ကောင်းဆက်ရှိရာသို့ တရှိန်ထိုးပြေးဝင်သွားသည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now