ချစ်နေတာတစ်ခုထဲ Oneshot

2.2K 270 22
                                    


နန်းတဘင် အစည်း စတော့မည်ဖြစ်သဖြင့်
မှူးကြီးမတ်ယာအပေါင်းတို့သည်
ခန်းမအတွင်းစုဝေး၍နေခဲ့လေပြီ။

ရှင်ဘုရင်သည်လည်း ပလ္လင်ပေါ်တွင်
ခန့်ထည်စွာ နေရာယူပြီးနေခဲ့လေပြီ

ဆွေးနွေးကြားနာမူတွေသည်လည်း
ပေစာရွတ်များပေါ်သားရည်လိပ်များပေါ်
ရောက်နေပြီမို့ တစ်ခုစီယူဖတ်ကာ
နယ်မြေအလိုက်အပိုင်စားရထားသော
မြို့စားများနှင့် ဒေသထွက်ကုန်များအကြောင်း
ကျမ်းမာရေး ဒေသ မိုးလေဝါသ အခြေအနေ
အားလုံးကို နေမွန်းမတည့်မခြင်းဆွေးနွေး
ကြားနာရ၏

ပြည်ထောင်သည် "ယင်း" ပြည်ထောင်စု
ဖြစ်ကာ Jeon မင်းဆက်မှ စတည်တည်ထောင်ပြီး Jeon မင်းဆက်ကသာ
အုပ်ချုပ်လျှက်ရှိသော ပြည်ထောင်တစ်ခုသာ

လက်ရှိဘုရင်မင်းမြတ်မှာ
အရှင်ဘုရင် Jeon Jungkook သာ
ဖြစ်ပြီး သက်တော် ၂၅သာရှိသေးသော
ဘုရင်းမင်းမြတ်သာ

နန်းဆက်ခံချိန်သည် ၁၈နစ်သား
အရွယ်ထဲကဖြစ်ခဲ့ပြီး ဘုန်းနလုံးလက်ရုံးရည်
နှင့်ပြည့်ဝသော ဘုရင်တပါးသာ

သို့သော်
ရှင်ဘုရင်တွင် ကြင်ရာတော် ကိုယ်လုပ်တော်
မောင်းမ မိဖုရားများစွာ ရှိသော်လည်း
ရှင်ဘုရင်သည် မင်ပြည်ထောင်စုမှဆက်သလာသော မင်၏မင်းသားငယ် မင်ဟိုဆော့ကိုသာချစ်သည် မြတ်နိုးသည်

ထို့ကြောင့် တစ်ခြား မိဖုရားတွေ
ကြင်ရာတွေကမကျေနပ်ကြချေ
သို့သော် သွေးအေးလွန်းသော
ဘုရင်ကမူ သူ၏အသက်ကညှာလေးအား
ထိပါးလာရင် ပြစ်ဒဏ်တွေပေးလွန်းတာမို​့
မထိရဲကြတာများသည်

နောက်ကွယ်တွင်တော့
ထိုမင်သားငယ် တနည်း မင်မယ်မယ့်အား
ကျပ်မပြည့်ကောင်.... အရူးကောင်ဆိုပြီး
ခေါ်တွင်ကြသည်

ဟုတ်ပါသည် မင်ဟိုဆော့ဆိုသော
သူလေးသည် ညာဏ်ရည်မမှီသော
ကောင်လေးသာ....

သူ့စိတ်တွေဟာ ခလေးလေးလိုဖြစ်နေပြီး
ချစ်ရတဲ့လူတွေအပေါ်တော့
စွာတာတာလေးနဲ့  အားငယ်လွယ်
ကြောက်လွယ်သောကောင်လေးသာ

သူလေးကို ရှင်ဘုရင်ကြီးက
မင်ပြည်ထောင်အလည်လာရင်း
​ချစ်ကြိုက်မိသွားရာကနေ
မင်ဘုရင်ကြီးအားသားတော်ပေးမလား
စစ်ခင်းမလားဖြစ်လာရသည်အထိမို့
မင်ဟိုဆော့ကို ရှင်ဘုရင်မည်မျှစွဲလမ်းကြောင်းသိခဲ့ရသည်

You've reached the end of published parts.

⏰ Last updated: Jan 08, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်နေတာတစ်ခုထဲ "Koobi" OneShotWhere stories live. Discover now