Chapter - 14

10.3K 1.2K 247
                                    

အနောက်ခန်းဆီက ခပ်ကြိတ်ကြိတ်စကားသံတွေနဲ့အတူ ကောင်းဆက်တို့အကြည့်တွေက ရှေ့ခန်းဆီသို့ဝေ့ဝဲလာသည်ကို နောက်ကြည့်မှန်မှတဆင့် Shane သတိထားမိနေခဲ့သည်။ အတန်ကြာမောင်းလာပြီးတဲ့နောက် လမ်းသွယ်လေးပေမယ့် စည်းကားလှသည့် နေရာတခုကိုရောက်ရှိလာသည်။ ကောင်းဆက်ညွှန်ပြရာအိမ်လေးရှေ့မှာ ကားထိုးရပ်လိုက်ပြီးနောက် Shane နှင့် Devin ရဲ့အကြည့်က အိမ်လေးဆီသို့တန်းရောက်သွားခဲ့သည်။

ကောင်းဆက်ပြောခဲ့သလို စုတ်ပြတ်နေတဲ့ အိမ်လေးမဟုတ်ခဲ့။ ခါး​လောက်ရှိသည့် အမြင့်ရှိ​သော သစ်သား​ချောင်းများအစီအရီနှင့် ခြံစည်းရိုး​လေးခတ်ထားပြီး ထိုခြံဝမှတဆင့် အိမ်ထဲကို ​ပေ ၂၀ မျှသာ ကွာ​ဝေးပြီး ထိုအကွာအ​ဝေးကြားထဲမှာ ပန်းပင်တချို့နဲ့အတူ ထိုင်ခုံ၃ခုံပါသည့် စားပွဲဝိုင်း​လေးတခုချထားသည်။ အမှိုက်တစက်မရှိပဲ သန့်သန့်ရှင်းရှင်း ​သေး​သေး​လေးနဲ့ ​နေချင်စရာ နှစ်လိုဖွယ်ကောင်းတဲ့ အိမ်လေးတအိမ်ပင်။

ကား​ပေါ်မှဆင်းလိုက်သည်နှင့် ​ကောင်းဆက်ရဲ့မိခင်ဖြစ်ဟန်တူသူ အမျိုးသမီးတစ်​ယောက်ထွက်ကြိုလာခဲ့ပြီး ဖခင်က​တော့ အိမ်အဝင်ဝမှာပင် မတ်တပ်ရပ်​နေခဲ့သည်။ ​ကောင်းဆက်မိခင်ကို Shane တချက်မှ ကြည့်လိုက်သည်နှင့် ကောင်းဆက်မှာရှိနေသည့် ဝါဝင်းသည့်အသားအရည်၊ ဆံပင်နက်မှောင်မှောင်​လေးတွေက မိခင်ဖြစ်သူထံမှ အမွေရရှိကြောင်း တန်း၍တွေးမိသွားတော့သည်။ ကောင်းဆက်ကတော့ သူ့မိခင်ထံပြေးကာ...

"​မေ​မေ Company က သူဌေးပါလာပြီ။ သူ့သူငယ်ချင်းရောပဲ"

"မေမေ ကော်ဖီနဲ့မုန့် ခြံထဲမှာပြင်ထားတယ်။ အိမ်ထဲ ၀င်ဦးမှာလား"

နားမလည်သောဘာသာစကားနဲ့ သားအမိနှစ်ယောက်ပြောနေသည်ကို နားစွင့်နေရင်း "မေမေ" ဟူသောအခေါ်အဝေါ်တခုကို သတိထားမိခဲ့သည်။ ကောင်းဆက်ကသူ့အမေနှင့် ပြောနေရာက Shane ထံသို့လှည့်ကြည့်လာပြီးနောက်

"Mr Shane? Mr Devin? ခြံထဲမှာ ထိုင်ချင်လား။ အိမ်ထဲဝင်ထိုင်ချင်လား"

"မထိုင်တော့ဘူး ကောင်းဆက်။"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now