Chapter - 16

9.3K 1.1K 143
                                    

ကောင်းဆက်နှင့်စကားပြောဖို့လိုတယ်လို့ Shane ​ပြောခဲ့​သော်လည်း ဘယ်ကနေစပြောရမလဲဆိုတာ အခြေအနေကြည့်ရင်းဖြင့် အချိန်တွေသာ တပတ်ပြီးတပတ်ကုန်လွန်လာပြီး အခုထိကိုမမေးရသေး။ အလုပ်တွေက မတရားများနေတာကြောင့် Testing Team က လူတွေမှာ နေ့ဆိုင်း၊ ညဆိုင်းတွေနဲ့မနားရသလို Shane ကိုယ်တိုင်မှာလဲ ပွဲတွေ၊ မီတင်တွေနဲ့ လုံးပမ်းနေရသည်။

အလုပ်ဒီ​လောက်များ​နေတာ​တောင်မှ ​ကောင်းဆက်နဲ့ပတ်သတ်ပြီး အ​သေးစိတ်ကအစကြည့်​နေ​ပေးဖြစ်လို့ တော်သေးပေမယ့် အချိန်တွေထပ်ဆွဲလို့ အဆင်မပြေတာကြောင့် နောက်ရက်တော့ ကျိန်းသေပေါက် မေးရမည်။ တံခါးခေါက်သံတချက်ထွက်ပေါ်လာတော့....

"ဝင်ခဲ့ပါ"

အခန်းထဲဝင်လာသူကို Shane နှစ်ခါပြန်တောင်မော့ကြည့်လိုက်ရသည့် အကြောင်းရင်းမှာ မိမိရဲ့ယာဉ်မောင်းဖြစ်နေလို့ပင်ဖြစ်သည်။ တကြိမ်တခါမှအခန်းထဲမလာဖူးလေတော့ အံ့သြစိတ်ဖြင့်ကြည့်နေရာက အသာပြုံးပြလိုက်ပြီး​နောက်..

"ဘာပြောစရာရှိလို့လဲ ပြောပါ"

"ဆရာ ဒီည ညစာစားပွဲသွားမှာလား"

"အာ ဟုတ်တယ် အဲ့ဒါ​မေ့​နေတာ ဟိုရက်က​ပြောပြီး ဒီ​နေ့ထပ်​ပြောမလို့ကို ​မေ့​နေခဲ့တာ။ ခင်ဗျားမှာည​နေကိစ္စရှိလို့လား၊ တကယ်လို့ OT ဆင်းဖို့အခက်အခဲရှိတယ်ဆိုရင်လဲ..."

ညစာစားပွဲတက်ရမည်မို့ ကားဆရာအတွက် OT ဆင်းရတော့မည်။ ကိစ္စကြီးငယ်ရှိနေလို့များ ညနေမလိုက်လိုကြောင်း ပြောချင်နေသည်ဟုယူဆကာ တွေးတွေးဆဆမေးတော့ သူက ပျာပျာသလဲဖြင့် ​ခေါင်းခါယမ်းပြလာသည်။

"မဟုတ်ပါဘူး ဆရာ။ OT ဆင်းနိုင်ပါတယ်။ အခုလာတာက ၀င်ပေါက်မှာ Renovation လုပ်နေလို့ ဆရာ Lobby က​နေဖြတ်မထွက်ပဲ car parking ကို လာခဲ့​ပေးပါလို့ ​ပြောချင်လို့ပါ"

"အော် ဟုတ်ပြီ။ ဒါဆို Car park ကိုပဲ လာခဲ့လိုက်မယ်​လေ။"

"ဟုတ်ကဲ့..."

ထပ်မံတံခါးခေါက်သံနဲ့အတူ ဖိုင်လေးပိုက်၍ ကောင်းဆက်ဝင်လာတော့ ကားဆရာမှာ နှုတ်ဆက်ထွက်သွားတော့သည်။ ကားဆရာက ပုံမှန်အတိုင်း မထူးဆန်းသော်လည်း ကောင်းဆက်ကတော့ စူးစူးဝါးဝါးကိုလိုက်ကြည့်နေခဲ့တာကြောင့်

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now