Part 16 Pat Talk

2.2K 149 36
                                    

"မင်းစာကို အာရုံစိုက်နိုင်ရဲ့လား"

ကျွန်တော် motorcycleပေါ်ကဆင်းတော့ Kornကပြောသည်။သူငယ်‌ချင်းတွေကဌာနရဲ့အဆောက်အုံအောက်မှာထိုင်ပြီး နောက်တစ်ဘာသာ အတန်းချိန်ကိုထိုင်စောင့်နေကြသည်။

အတန်းချိန်တွေပြီးသွားရင် ဘယ်ကိုသွားရမှန်းမသိ။ဒီစားပွဲအဟောင်းမှာပဲ ထိုင်ရင်းအချိန်ကုန်တတ်ကြသည်။ဒီနေရာက first yearမှ fourth yearအထိ ‌စာသင်ချိန်တွေကိုထိုင်စောင့်ရင်း ကစားသည့်နေရာဖြစ်သည်။

"ငါအရိုက်ခံရပြီး ဆေးရုံတစ်ညတင်လိုက်ရတယ် ၊ ဘယ်ကောင်မှသတင်းလာမမေးကြဖူး"

"အာခီကကောင်တွေ နဲ့အရက်သောက်ဖို့ ဖြစ်သွားလို့နားလည်ပေးပါကွာ"

"အရက်သောက်တာငါ့ထက်ပိုအရေးကြီးလား၊ငါဆယ်ချက်ချုပ်လိုက်ရတယ်"

"မငြင်းပါဖူး ။ ငါတို့ကမင်းမိန်းမနဲ့ ချစ်ရည်လူးဖို့အချိန်ပေးထားတာလေ"

"ငါ့ခြေထောက်ပဲ"

"မင်း sticky Flim အတွက် King မဟုတ်တော့ဖူး၊ မင်း ဘယ်နေရာလိုချင်လဲ"

"ပန်းအိုးဆိုရင်ကောဘယ်လိုလဲ၊ မင်းပန်းအိုးနဲ့အရိုက်ခံရဖူးလား၊ ပန်းအိုးကွဲစကိုခေါင်းထဲမှာ စိုက်ပေးထားရမလား၊ စမ်းကြည့်ချင်လား"

"ရတယ် ၊နာမှန်းသိတယ်။ မင်းဒီလောက်ကြီးကြီး ချုပ်လိုက်ရမယ်လို့ မထင်ထားဖူး။ မင်း ခေါင်းအရမ်းကိုက်မူးသွားတာတွေ့ထားတော့
မင်းမိန်းမနဲ့ပဲသာသာယာယာနေချင်မလားလို့"

"သောက်ရမ်းကောင်းတဲ့သူငယ်ချင်းတွေပဲ"

"မင်း ဘာတွေတွေးနေလဲ"

"Paa ခုချိန်ထိ မသိသေးဖူး၊ သူသာသိရင်ငါသေပြီ"

"သူ သတိမထားမိသေးဖူးလား၊ ဒါမှ မဟုတ် မင်းကအိမ်မပြန်ရသေးတာလား"

"ငါအိမ်မပြန်တာတော်တော်ကြာပြီ"

ကျယ်လောင်‌သော လေချွန်သံတွေအရ ဒီကောင်တွေ ဘာသောက်ကြောင်းတွေးနေကြလဲဆိုတာကျွန်တော်သိသည်။ ဒါပေမဲ့ ကျွန်တော်တို့နစ်ယောက်က နမ်းရုံပဲ ၊တခါမှ ၊
တခါမှ မူးယစ်ရတာမျိူးမရှိဖူးသေးပါ။

BBS Ohmnanon Mm translation.Where stories live. Discover now