Marfira(one shot)

653 65 0
                                    


Unicode

"အဲ့မာဖီးယားမက မိန်းကလေးတန်မဲ့ တအားသွေးဆိုးတာ"

ဘေးနားမှာ ထိုင်ပြောနေတဲ့ ရတီတုိ့ အဖွဲ့ရဲ့စကားကို
စိတ်ဝင်တစားနားထောင်နေမိတယ်။

သူတို့ပြောပြောနေတဲ့ မာဖီးယားဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပေါ့ ။
ရောက်ခါစ ကျောင်းသူသစ်မို့ ကျောင်းရဲ့အထာကို ဂရုတစိုက်လာပြီး ရှင်းပြပေးနေကြသူတို့ပင်။

"အဲ့ဒီ မာဖီးယားဆိုတာ ဘယ်သူလဲဟင်"

ငယ့်ရဲ့ အမေးကြောင့်
ရတီမေးငေါ့ပြလိုက်လို့
ညာဘက် role ရဲ့ နောက်ဆုံးခုံက ကောင်မလေးကို မရဲတရဲလှည့်ကြည့်လိုက်မိတယ်။

ကျောက နံရံကိုမှီထားပြီး သူတို့အဖွဲ့နဲ့သူစကားပြောနေတယ်။

တစ်ဖွဲ့လုံးရဲ့ကြားမှာ သူကအထင်းသား ။
ဖြူဖြူဝင်းဝင်း နို့နှစ်ရောင်အသားအရည်တို့ပေါ်မှာ တက်တူးတစ်စ နှစ်စ...။

မျက်ဝန်းတောက်တောက်တွေက နေရောင်ထဲမှာ သိပ်ကိုစူးရှနေတယ်။
စကားပြောနေရင်း တစ်ခါတစ်ခါ ယဲ့ယဲ့လေးပြုံးလိုက်တိုင်း
သွားတက်ဖွေးဖွေးလေးက လူတိုင်းသဘောကျချင်စရာ။

ဂုတ်ထောက်နေတဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ်စည်းထားခြင်းမရှိဘဲ
ဟိုတစ်မျှင် သည်တစ်မျှင် ကျနေတဲ့ ပုံစံကလည်း
ဆွဲဆောင်မှုရှိနေသေးတယ်။

"ဟာ.."

သမင်လည်ပြန်ငေးကြည့်နေတုန်း ဝံပုလွေတစ်ကောင်လို ရက်စက်တဲ့အကြည့်တွေက ငယ့်ဆီကိုဖျတ်ခနဲ ရောက်လာတယ်။

လန့်လွန်းလို့ အသံတိုးတိုးလေးထွက်ပြီး ယောင်လိုက်မိသည်အထိ...

သူဟာ ထိုမျှညှို ့ချက်ပြင်းလေသလား။

ငယ့်နာမည်က မြတ်နိုးငယ် ။
ဖေဖေ့တာဝန်အရ ကျောင်းခနခနပြောင်းရတော့ ကျောင်းသူအသစ်ဘဝဟာ ငယ့်အတွက်တော့မဆန်း။

..........

ဒီနေ့က ငယ့်အသင်းနေ့လေ။
ကျောင်းရေကန်မှာ ရတီနဲ့ခင်ချို ကို ဘုရားပန်းလဲ သောက်တော်ရေချမ်းလဲဖို့ ကူပေးနေတာ။

"ရပြီ ငယ်ရေ အဲ့ဒီရေဖြည့်ပြီးသား သောက်တော်ရေခွက်တွေပဲသယ်လာပေး"

Chegaste ao fim dos capítulos publicados.

⏰ Última atualização: Jan 15, 2022 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

MarfiraOnde as histórias ganham vida. Descobre agora