Chapter - 18

10K 1.1K 182
                                    

ဆေးရုံမှ အားချင်းဆင်းကာ မိမိနေအိမ်သို့ပြန်ရောက်ပြီးနောက် Shane အရင်ဆုံးလုပ်သည့်အလုပ်က ရေနွေးနွေးလေးဖြင့် စိတ်ကြိုက်ရေချိုးခြင်းပင်။ ခန္ဓာကိုယ်ညောင်းညာနေသမျှ၊စိတ်ထဲ ငြီးစီစီဖြစ်တာမှန်သမျှက ​ရေနွေးနွေးလေးနှင့် ထိကတည်းကကို ပပျောက်သွားကာ တမဟုတ်ချင်းလန်းဆန်းသွားသည်။ ရေပန်းပေါ်မှတဆင့် ခန္ဓာကိုယ်သို့ကျဆင်းနေသည့် အစက်ကလေးများကြားက ပြောင်လက်နေသည့်ကြွေပြားနံရံပေါ်က ခပ်ဝါးဝါးမြင်နေသည့်မိမိပုံရိပ်ကို Shane ကြည့်နေရင်းက ဆေးရုံမှဆင်းမလာခင် Devin နှင့်စကားပြောခဲ့သည်များကို ပြန်တွေးမိနေသည်။

"Shane ငါပြောစရာရှိတယ်။ Shane!! နေဦးလေ။

အော်ခေါ်သံကိုတောင် ဂရုမထားမိတော့အောင် သူများနဖူးနမ်းမိထားသည်ကို ထူပူကာအခန်းရှိရာ ခြေကုန်သုတ်လာသည့် Shane နောက်ကို Devin ပြေးလိုက်လာသည်မှာ အခန်းထဲရောက်မှမှီသည်။

"မင်းကလဲကွာ ဒီလောက်ခေါ်နေတာကို တချက်မှလှည့်မကြည့်ဘူး။"

"ဘာပြောချင်လို့လဲ Devin.."

"ငါ နိုရာနဲ့စကားပြောခဲ့ပြီးပြီ Shane ။ ငါ့ရဲ့ Ex ကစလို့ ငါ့ဖြစ်တည်မှုအထိ။ နိုရာကလဲ ငါ့ဖြစ်တည်မှုကိုမရွံရှာဘူး သိလား။ လိင်တူဖြစ်လဲစစ်မှန်ဖို့ပဲ အရေးကြီးပါတယ်တဲ့။ ဖွင့်ပြောဖို့ထိတော့ မရဲပေမယ့် သူ့ကိုမို့လို့ ငါကသိစေချင်တာပါလို့ပြောခဲ့တယ်။ ငါ့ကို ကြည့်သွားတဲ့မျက်လုံးတွေထဲမှာ ဂရုဏာလိုလို၊ တခုခုကိုသိနေသလိုလိုအရိပ်အယောင်တွေရှိနေတာကို ငါ သေသေချာချာကိုတွေ့လိုက်ရတယ်။ ပျော်လိုက်တာအရမ်းပဲ။"

Devin သူသဘောကျနေသည့်ကောင်လေးနဲ့သူ့အကြားက တိုးတက်မှုကိုပြောပြလာတော့ မိမိရဲ့သူငယ်ချင်းအရင်းကြီးပင် ဖြစ်လင့်ကစား စိတ်ထဲမနာလိုသလိုလို Shane ခံစားနေရသည်။

"ငါ ဆေးရုံဆင်းတော့မယ် Devin..."

"ဒီတညတော့နေလိုက်ပါ။ မနက်မှဆင်းလေ..."

"ဘာမှမှမဖြစ်တာပဲ ငါအိမ်မှာပဲအေးအေးဆေးဆေးပြန်အိပ်ချင်တယ်။"

"အင်း ဒါဆိုလဲမင်းသဘောပါ။ ငါပြန်လိုက်ပို့ပေးရမလား။"

"မပို့နဲ့ ကားဌားပြန်လိုက်မယ်။ မင်းလုပ်စရာရှိတာလုပ်လေ ငါ့ကိုအဝင်ဝပြန်လိုက်ပို့ပေးစရာမလိုပါဘူး။"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now