ကျွန်တော်ဘေးအိမ်မှ ကျည်ဆံနဲ့တွေ့လုနီးပါးဖြစ်ပြီး ကျွန်တော့်မိဘတွေနဲ့ ရင်ဆိုင်ဖို့လည်းခက်ခဲခဲ့သည်။
ကျွန်တော်က ဧည့်ခန်းထဲက ဆိုဖာအကျယ်ကြီးပေါ်မှာ ထိုင်နေပြီး ကျွန်တော့်အမေက ကျွန်တော်ဘေးက ဆိုဖာ တခု ပေါ်မှာ မျက်မှောင်ကြုံ့ထားပြီးထိုင်နေသည်။
ကျွန်တော့်အဖေက လက်ပိုက်ပြီး မတ်တပ်ရပ်နေသည်။အဖေ့မျက်နာအမူရာက ဟိုဘက်အိမ်က သေနတ်ပိုင်ရှင် ဦးလေးလိုပဲ၊ ကျွန်တော်တို့ကိုသတ်ပစ်ချင်နေသည့်အမူရာဖြစ်သည်။
"ငါမေးနေတယ်လေ၊ မင်းတို့နစ်ယောက်က အချင်းချင်းဘယ်လိုလုပ်ပြီး ဒီ လောက်သိနေကြတာလဲ"
ကျွန်တော့်ကိုစိတ်ဆိုးနေပုံရတဲ့Paaကိုကြည့်လိုက်ပြီး သူ့ခြေထောက်ကို စားပွဲခုံအောက်မှ ကျွန်တော်ဖွဖွလေး တတ်ဖိလိုက်သည်။
Paaစိတ်ဆိုးနေပုံရတာ ကျွန်တော့်မိဘတွေနဲ့တော့ မတူ။ ကျွန်တော် ဘေးအိမ်မှဦးလေးဆီမှာ အမိခံရတဲ့ထိ Pran နဲ့တွေ့ဖို့ ခိုးထွက်ခဲ့လို့ဖြစ်မည်။
တကယ်တော့ ကျွန်တော်တို့ မမိအောင်တွေ့လို့ရမည့်တခြားနည်းလမ်းတခုရှိသေးသည်။ဒါပေမဲ့ ကျွန်တော့်အိမ် ဝရံတာမှ Pranအခန်းကိုရောက်အောင် သူ့တို့အိမ်ခေါင်မိုးပေါ်သို့ခုန်ချရမည်ဖြစ်ပြီး ကျွန်တော့်အတွက် အန္တရာယ်များသည်။ အဲ့တာကြောင့်လဲ သက်သာသည့် နည်းလမ်းကိုရွေးလိုက်မိတာဖြစ်သည်။
ဘယ်အချိန်ထိ ခုလိုလျို့ဝှက်ပြီးတွေ့နေရမှာလဲ? ကျွန်တော့်ချစ်သူ ဘယ်လိုတွေးမလဲ ဆိုတာစိတ်ပူနေရင်း သူရိပ်မိသွားတဲ့ထိ ဖုံးကွယ်ထားမိတဲ့ကျွန်တော့်အပြစ်တွေပါပဲ။
ရူးကြောင်ကြောင်အတွေးတွေ။"မင်း မပြောဖူးလားPat"
"ကျွန်တော် တို့ မရင်းနီးကြပါဖူး"
"ငါ့ကိုမလိမ်နဲ့Pat"
ကျွန်တော် မျက်လုံးကိုအပေါ်အောက်လှည့်လိုက်သည်။ ကျွန်တော်ကလိမ်တဲ့နေရာမှာညံ့သူဖြစ်သည်။
"ကျွန်တော် နဲ့Pranက တက္ကသိုလ်တခုထဲမှာတတ်နေတာလေ၊ အဲ့တာကြောင့်သူနဲ့တွေ့ဖို့လိုတာ"
![](https://img.wattpad.com/cover/294291406-288-k118586.jpg)