Chapter - 19

9.2K 1.1K 104
                                    

အလုပ်ခန်းရဲ့ပြတင်းပေါက်မှလှမ်းကြည့်နေတာ တော်တော်ကြာလာတော့မှ အသိဝင်လာပြီး ပန်းကန်ခွက်ယောက်များ မြန်မြန်သိမ်းဆည်း၍ ခုံအောက်ထဲထိုးထည့်ကာ ပြန်ထိုင်ရန်ပြင်လိုက်စဉ်မှာပင် နိုရာတို့အကုန်လုံးအခန်းထဲပြန်ဝင်လာကြသည်။ သီသီလေးမှတကယ့်သီသီလေး မြင်သွားပါက ဘယ်သူလာပို့တာလဲဆိုသည့်မေးခွန်းကို ဖြေရမှဧကန်မလွဲ။ သက်မလေးမှချလို့မဆုံးသေခင် နိုရာကနှာခေါင်းတရှုံ့ရှုံ့လုပ်ကာ အနားကပ်လာတော့သည်။

"အနံ့တွေရနေတယ်၊ အနံ့တွေ အသားကင်နံ့တွေ..."

ဟုတ်ပါရဲ့ အဲကွန်းခန်းပေမို့ အနံ့တော့ကျန်နေမှာအမှန်ပင်။ မသိချင်ယောင်ဆောင်ကာ မင်းစိတ်ထင်လို့နေမှာပါဟုဆိုရင်း Air Fresher တဘူးဖြင့် ခန်းလုံးပြည့်လိုက်ဖျန်းနေလိုက်သည်။

"မင်း ထူးဆန်းနေတယ် ကောင်းဆက်။ ငါပြန်ရောက်တာတောင်ဘာမှမ​မေးဘူး။ "

"မေးမလို့ပါပဲ မင်းကစကားတွေအများကြီးပြောနေတော့ မေးဖို့မေ့သွားတာ။"

"ဟင် ငါဒီအခန်းထဲရောက်ပြီးကတည်းက အသားကင်နံ့ရတယ်ဆိုတာပဲပြောရသေးတာကို။ ထားပါတော့ နိုရာကပဲသဘောထားကြီးပေးလိုက်ပါ့မယ်။ Error ကဖြစ်ဖြစ်မြောက်မြောက်တောင်မဟုတ်ပါဘူးကွာ။ Error ဖြစ်တဲ့ဂိမ်းကိုရှာနေတာက ကမ္ဘာအသင်္ချေတသိန်းတသောင်းလောက်ကြာနေတာ။ ဒါနဲ့ မင်းဖျားနေတာလား"?

ပြောပြောဆိုဆို မိမိနဖူးကိုလာစမ်းကြည့်ကာ သူကိုယ်တိုင်လဲပြန်စမ်းသပ်နေသည့်နိုရာက ခဏကြာတော့ ခေါင်းတဆတ်ဆတ်ဖြင့်​ပြောလာသည်။

"ကိုယ်မပူဘူးပဲ ဒါပေမဲ့ ဒီရက်ပိုင်းမင်းကြည့်ရတာ သိပ်နေမကောင်းသလိုလို ငါတောင်မနက်ဖြန် Devin ကို ဖုန်းဆက်မလို့စဉ်းစားထားတာ။"

"အင်း...ငါ မဖျားပါဘူး။"

ခပ်တိုတိုသာဖြေလိုက်ပြီး ဖျားနေခဲ့သမျှက ခုနကတင်ရည်းစားစကားအ​ပြောခံလိုက်ရလို့ လွင့်ပျောက်ကုန်သည်လို့တော့ ထည့်မပြောဖြစ်ပေ။ ထို့နောက် နိုရာ့ထံသို့​မေးခွန်းတခုမေးလိုက်တော့ အံ့သြတကြီးဖြင့် ပြန်ကြည့်လာသည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now