Part 24 Pat Talk

2.7K 144 69
                                    

လူနစ်ယောက်ကြားက Relationshipဆိုသည်မှာ ဆက်ပြီးတိုးတတ်မူရှိနေရမည်ဖြစ်သည်။ချစ်သူနစ်ဦးကြားမှာ ရှိရမဲ့ အဆင့်ဟု တစ်သတ်မှတ်ထဲ မရှိရင်တောင် တနေ့ထက်တနေ့ပိုပြီး ခံစားချက်တွေပြောင်းလဲလာရမည််ဖြစ်သည်။

ကျွန်တော့် ခံစားချက်တွေက Pranနှင့်အတူရှိနေချိန်တွေဆိုရင် အရမ်းပြောင်းလဲမူ‌တွေ ဖြစ်လာတတ်သည်။

"နာတယ်၊ Oye နာတယ် လို့"

ကျွန်တော် Pranရဲ့အခန်းကျဉ်းလေးမှာ အသနားခံနေမိသည်။Pranက ကျွန်တော့် အောက်နူတ်ခမ်းကို ကိုက်လိုက်တာကြောင့်ဒဏ်ရာမှ သွေးများထွက်လာသည်။

ကျွန်တော်သူ့ကို ဒီစကားလေးပဲပြောလိုက်မိတာ၊ Pran ကကျွန်တော့်ကို မီးလောင်သည်အထိ ရိုက်သည်။

ပြီးတော့Pranကနောက်ကို ဆုတ်ပြီး ကျွန်တော့်ကိုကုတင်ပေါ်မှ ကန်ချသေးသည်။ ကျွန်တော်ကအနားမှာရှိသည့် ထိုင်ခုံကိုလှမ်းဆွဲလိုက်သဖြင့်အောက်သို့မပြုတ်ကျခြင်းဖြစ်သည်။ဒါပေမဲ့ ကျွန်တော့် တံတောင်ဆစ်မှာ ကုတင်အစွန်းနှင့်ခြစ်မိပြီး အသားစပြဲသွားပြီး သွေးများထွက်လာသည်။

လတ်လတ်ဆတ်ဆတ်ရရှ်ိထားသော ကျွန်တော့်ဒဏ်ရာဒဏ်ချက်များဆီမှ သွေး‌များကိုPranက အနာဂွမ်းဖြင့် သုတ်ပေးသည်။ကျွန်တော်သူ့မျက်နာကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။Pranက လိမ်းဆေးများ အိပ်ယာခင်းကို မပေ ပဲ ခြောက်သွားစေရန်Padတခုကိုကပ်ပေးသည် ။

အချိန်မှာ ညသန်းခေါင်ဖြစ်နေပြီ။
Paaကသူမ လုပ်နေကြပုံစံအတိုင်း ခေါင်းခါသည်။ ကျွန်တော့်နူတ်ခမ်းယောင်ကိုင်းနေသည်အထိ Pranဆီမှ အဆော်ခံထားရသည်။

" ကိုယ့်ကိုကိုယ် အနာတရဖြစ်အောင် ပြသနာရှာတတ်တဲ့အကျင့်က မပျောက်သေးဖူးပဲ"

"သူငါ့ကို ဒီလို အားအပြည့်နဲ့ကန်မယ်လို့ဘယ်လိုလုပ်သိမှာလဲ"

"P',. P'Pranကိုဘာသွားလုပ်ခဲ့လို့လဲ"

ကျွန်တော် ဆင်ခြေပေးချင်ရင်တောင် မပေးနိုင်ပါ။ အိပ်ယာပေါ်က ကိစ္စကတော့ကျွန်တော်တို့နစ်ယောက်ကြားမှာပဲရှိရမည်။ ကျွန်တော်တို့နစ်ယောက်ကိစ္စအတွက် ဒီအချိန်ထိ တိုင်ပင်နေသည့်ပုံဖမ်းနေလိုက်သည်။

BBS Ohmnanon Mm translation.Where stories live. Discover now