Chapter - 20

8.9K 1K 101
                                    

"မေမေ့သားလေးပိန်သွားတယ်။ နေမကောင်းလို့လားသား၊ လက်အိတ်ကရောဘာလုပ်ထားတာလဲ။"

ထမင်းဘူးလာပို့ပေးသည်မို့​ကောင်းဆက် Lobby ထိဆင်းကာ ယူလိုက်ပြီး စေ့စေ့ကြည့်ကာ မေးနေသည့်မေမေ့ကို အသာအယာပြုံးပြကာ ပါးလေးကိုခပ်ဖွဖွပွတ်လိုက်သည်။

"မေမေကလဲ စိတ်ပူတတ်ရန်ကော။ ကျွန်တော်နေကောင်းတယ် လက်အိတ်စွပ်ထားတာက ရုံးခန်းထဲကအေးလို့။ အလုပ်ကတော့ မလုပ်စဖူးဆိုတော့နည်းနည်းပင်ပန်းလို့ ကိုယ်ရေစစ်သွားတာနေမှာပါ။ မေမေတို့ဘာတွေချက်လာပေးတာလဲ။ Company မှာကျွေးပါတယ်။"

"ကျွေးလဲ သားကြိုက်တတ်တာတွေတော့မဟုတ်ဘူးမလား။ငြုပ်သီးဆား​ထောင်းပါတယ်၊ မှိုကိုလဲချဉ်စပ်လေးချက်ပေးထားတယ်၊ ကြက်သားကြော်ကိုစပ်စပ်လေးကြော်ပြီး ဘူးနဲ့အလုံပိတ်ထားလို့အထားခံမှာပါ။ လက်ဖက်နှပ်လေးလဲပါတယ်သား နိုရာ့ကိုလဲကျွေးလိုက်ဦးနော်။"

"ဟုတ်ကဲ့ပါ မေမေ။ ကျေးဇူးတင်ပါတယ်"

"တယ် ဒီကလေး အမေကိုကျေးဇူးတင်စကားပြောရသလား။ ဒီညနေစာကိုကျတော့ သား Daddy ထမင်းကြော်ပေးလာတယ်။"

နဖူး​ပေါ်ဝဲကျ​နေတဲ့ ဆံပင်စ​လေး​တွေကို မမှီ့တမှီလှမ်းပွတ်ကာ​ပြောလာတဲ့ မေမေ့စကားကြား​တော့ ​ကောင်းဆက်မျက်နှာဝင်းခနဲ။ ထို့​နောက် Daddy က ကောင်းဆက်ကိုင်ထားသည့် ဘူးတွေထဲမှတစ်ဘူးကိုလက်ဖြင့်ပုတ်ပြလာသည်။

"ဒီမှာ ဒီထဲထည့်ထားတယ် သားကြိုက်တဲ့ထမင်း​ကြော်​လေး​လေ။"

"ကြက်ဥ၊ ပုဇွန်​ခြောက်ထမင်း​ကြော်​လေး လွမ်းနေတာ။"

"ဒီတခါ Daddy ပိုစားကောင်းအောင်လုပ်ပေးထားတယ်။ ကြက်သွန်ဖြူလေး ဓားပြားရိုက်၊ပုဇွန်ခြောက်ထည့်ကြော် ပြီးတော့ထမင်းထည့်၊ကြက်ဥထည့်ပြီး​ကြော်လာတာ မွှေးနေတာပဲ။ "

"ကျွန်မကကျွန်မသားစားဖို့ မှိုတို့၊ဆားထောင်းတို့လုပ်တော့မှ ရှင်ကအတင်းဝင်ပြီးကြော်တယ်။"

"ဘာပဲဖြစ်ဖြစ်ငါ့သားက ဒီညနေစာကို ထမင်းကြော်စားမှာ။"

တစ်ယောက်နဲ့တစ်ယောက် စကားနာထိုးသလိုပြောနေကြသော်လည်း Daddy က မေမေ့ပခုံးကို ခပ်ဖွဖွလေးဖက်ထားသည်။ ထို့နောက်

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now