Bougainvillea

132 9 0
                                    

ဒဏ်ရာတွေဟာ ထိရှမှုအပေါ်လိုက်ပြီး မေ့ပစ်လိုက်နိုင်တဲ့အခါလည်းရှိသလို နက်ရှိုင်းသွားတဲ့အခါလည်း ရှိတယ်။ ဖြစ်နိုင်ပါတယ်။ ဘဝမှာ တစ်ယောက်ယောက်ကို အများကြီး မျှော်လင့်ပြီးတဲ့အခါတိုင်း ကျွန်တော်တို့တွေ အကြီးအကျယ် ဒဏ်ရာရတော့တာပဲ။

-ခွန်းညိုသွေး

အပြင်မှာ မိုးစက်ကလေးတွေရဲ့ ကျဆင်းနေသံ တဖြောက်ဖြောက်ကို ကြားနေရတာပဲ။
အခု ကိုယ် အချိုပါတဲ့ ချောကလက်ကော်ဖီပူပူ တစ်ခွက် ဖျော်ဖြစ်၊ သောက်ဖြစ်တယ်။ ပုံမှန်ကတော့ ကိုယ် ကော်ဖီအချိုတွေ မ‌ကြိုက်တတ်ပါပဲ။ ကိုယ်ပူချိန် ၁၀၁ ဒီဂရီ ရှိနေတယ်။ ဒီ ဝမ်းနည်းစိတ်ကို ဖျောက်ဖို့ ချိုတဲ့အရာတွေနဲ့ ကုစားကြည့်မှ ဖြစ်တော့မယ်။

ကိုယ် မပျော်ဘူး။
ကိုယ်ပျော်တယ်ဆိုလည်း ပူလောင်လွန်းလို့ အရည်ပျော်ကျနေရတာ ဖြစ်မှာပဲ။ အရာ‌အားလုံး ဝေးကွာသွားပြီးတဲ့အခါ ချစ်ခဲ့သမျှ နာကျင်စရာပဲနော်။ ကိုယ့် စိတ်ရော၊ နှလုံးသား တစ်ခုလုံးဟာ နာကျင်လွန်းလို့ ထုံနေတယ်။
ကိုယ် ဆရာဝန် ညွှန်ကြားချက်နဲ့ ဆေး အနည်းငယ် သောက်တယ်။

မှတ်ဉာဏ်ဟာ ပြဿနာပဲ။
မေ့ပစ်ချင်တဲ့အရာအားလုံးဟာ မေ့သွားတယ်မှ မရှိဘဲ။ ပြက္ခဒိန်ကို မကြည့်လည်း အတိအကျ မှတ်မိနေရတဲ့ နေ့စွဲတွေ။
ဘာဆုတောင်းစကားကိုမှလည်း ကိုယ်မလိုပါဘူး။
ပူတူးဆီကမှ မဟုတ်ရင်...။
ပူတူးကိုလည်း ကိုယ် လိုအပ်နေလို့မရတော့ဘူးလေ။
ပူတူး ဘယ်တော့မှ ကိုယ့်ဆီ ပြန်မလာနိုင်တော့ဘူး။

"ကို သက်ထက်သျှား
ပါဆယ်လေး ‌လက်မှတ်ထိုးပေးပါဦး"

ခြံတံခါးဝဆီက delivery man ရဲ့ အော်သံကြားမှ သူ အသိဝင်လာတယ်။ အထုပ်အပိုးတွေက မနိုင်မနင်းမို့ လာပို့တဲ့ကောင်လေးက အထဲထိ လိုက်ပို့ရသေးတယ်။

ကိတ်မုန့်အသေး တစ်လုံး၊ art supplier အချို့၊ branded မှန်း သိသာတဲ့ အဝတ်အထည်၊ အသုံးအဆောင်တွေ၊ ဘောင်ကွပ်ထားတဲ့ ပန်းချီကားတစ်ချပ်၊ ပြီးတော့ စာတစ်စောင်။

"Happy Birthday ကိုကို
စကားလုံး ဖော်ပြချက်တွေ ဘာမှ မလိုတော့ဘူးထင်တယ်

Bougainvillea (one shot)Where stories live. Discover now