Chapter - 21

9.1K 1K 69
                                    

ပြေစရာရှိသည်ဟုဆိုကာခေါ်လာခဲ့သော်လည်း ဘယ်နေရာမှစ၍ ပြောရမည်မှန်း Shane မသိ၊ ကောင်းဆက်ကတော့ ခုံမှာထိုင်၍ စကားလုံးတွေကိုနားစွင့်နေပုံရသည်။ သို့သော် Shane နှုတ်မှ တလုံးမှ မထွက်လာသည့်အဆုံးမှာတော့ ကောင်းဆက်ကစမေးလာတော့သည်။

"ဘာပြောချင်လို့လဲ Mr Shane"

"အင်း ကိုယ် ဘယ်ကစပြောရမှန်းတောင် မသိဘူး။ အရင်ဆုံးမေးချင်တာက တကယ်လို့ မင်းလိုပဲ ထူးခြားစွမ်းအင်တွေရှိတဲ့လူတွေ ဒီလောကကြီးထဲမှာ ရှိလိမ့်မယ်လို့ ကောင်းဆက်ယုံလား"

"ယုံပါတယ် မယုံစရာမှ မရှိတာ။ ကျွန်တော်ကိုယ်တိုင်ကကို ထူးခြားနေတာလေ"

"အဲ့ဒီ လူတွေထဲမှာ ကောင်းဆက်လဲပါဝင်နေသလို ကိုယ်ကလဲ အပါအ၀င်တယောက်ဆိုရင်ရော"

ထိုစကားကြားတော့ အစကတည်းကစူးစိုက်ကြည့်နေတဲ့ ​ကောင်းဆက်မျက်ခုံးလေးတွေက ပို၍တွန့်ချိုးသွားကာ အတန်ကြာတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် နှုတ်ခမ်းထောင့်မှ အချိုင့်လေးခွက်ဝင်သွားသည်အထိ ထရယ်တော့သည်။

"Mr Shane? ဒါတွေက နောက်စရာမဟုတ်ဘူး။ ဘာစွမ်းရည်ရှိနေတာလဲ? ဂိမ်းတွေ ဖန်တီးနိုင်စွမ်းလား? ပိုက်ဆံတွေ ဖန်တီးနိုင်စွမ်းလား? ကျွန်တော့်လိုပဲ သူများရဲ့ သေခြင်းတရားကို ကြိုမြင်နိုင်တာလား? ဒါမှမဟုတ်..."

"အချိန်ရပ်တန့်နိုင်တယ်.."

သူ့အရှိန်နဲ့သူပြောနေသည့် ကောင်းဆက်က Shane ရဲ့စကားနောက်မှာတော့ လုံးဝငြိမ်ကျသွားခဲ့သည်မှာ တော်တော်ကြာသည့်အထိပင်။ ယုံခြင်း၊မယုံခြင်းကြားမှာ လွန်ဆွဲနေသည့် အရိပ်အယောင်တွေကပြည့်နှက်လို့...

"ကျွန်တော့်ကို နောက်နေတာမဟုတ်လား Mr Shane"

"ကိုယ်ကမင်းကို ဘာကြောင့်နောက်ရမှာလဲ "

"တကယ်သာ Mr Shane က အချိန်ကိုရပ်တန့်နိုင်ခဲ့ရင် ဟိုတခေါက်ကိစ္စမှာ ဘယ်လိုဖြစ်လို့မရပ်နိုင်ခဲ့တာလဲ"

"ကောင်းဆက်ဒီလိုမေးလာမယ်လို့ ကိုယ်ထင်ပြီးသားပါ။ အဲ့ဒီတုန်းက ထုံထိုင်းစေတဲ့ ဆေးတမျိုးအထိုးခံရပြီး လုံးဝမလှုပ်နိုင်တော့လို့ မရပ်တန့်နိုင်ခဲ့တာ"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now