Part 26 Pat Talk

1.7K 121 55
                                    

လေထုထဲတွင် alcoholအနံ့ပြင်းပြင်းရနေသည်။ ကျွန်တော့်နူတ်ခမ်းနှင့်ပါးရိုးမှာ နာကျင်နေသည်။ Pranရဲ့အဖေမှ ကျွန်တော့်ကို ထပ်ခါတလဲလဲ ထိုးခဲ့တာကြောင့် ကျွန်တော့်မျက်လုံးအိမ်မှာ အလွန်နာကျင်နေသည်။

ကျွန်တော့်ကိုယ်ကျွန်တော်ကာကွယ်ခဲ့ပေမဲ့Pranရဲ့ အဖေကို ပြန်မစော်ကားခဲ့ပါ။Pranရဲ့အဖေက သူ့ဇနီး အော်သံကြောင့် အိမ်ရဲ့ဒုတိယထပ်ကိုပြေးအလာတွင် သူ့သားကို ဘေးအိမ်မှကောင်လေးနှင့်တွေ့လိုက်ရသဖြင့် မီးဝင်းဝင်းတောက်သွားသည်။

ကျွန်တော်တို့နစ်ယောက်လုံး Pranမိဘ တွေအရှေ့မှာပင် အတွင်းခံနှင့် ဘောင်းဘီများဆွဲယူပြီး ဝတ်ရသည်။

ကျွန်တော်တို့နစ်ယောက်က အဝတ်မပါသည့်အခြေနေ၊ ပြီးတော့ တယောက်ကိုတယောက်ဖက်အိပ်နေကြခြင်းဖြစ်သည်။
ညနေ့ညကဖြစ်ခဲ့သည့်အရာအားလုံးမှာ ပြန်မနိုးထချင်သော ညအမှောင်ထဲမှ အိမ်မက်တခုလိုပဲဖြစ်သည်။

မနက်မိုးလင်းသည်နှင့် ဘယ်သူမှ မလွတ်မြောက်နိုင်သော ရက်စက်သည့်အမှန်တရားကထွက်ပေါ်လာသည်။

××××

ကျွန်တော့်ဘေးတွင် ရူဆေးဘူးရူရင်း အော်ငိုနေသော ကျွန်တော့်အမေကြောင့်ကျွန်တော်သက်ပြင်းချမိသည်။ ကျွန်တော့်အဖေကလဲ လက်ပိုက်ထားပြီး အရင်ကထက်ပိုပြီးမျက်နှာတင်းမာနေသည်။ ကျွန်တော့်ကိုသနားသလို စိတ်ပူသည့်အကြည့်ဖြင့်ကြည့်‌နေ သူကPaaတယောက်ထဲသာရှိသည်။

"ဘယ်အချိန်ထဲကဖြစ်နေကြတာလဲ Phatra"

ကျွန်တော့်ဒဏ်ရာကိုကြည့်ပေးနေသော Paaကိုကျွန်တော်လှမ်းကြည့်လိုက်သည်။ Paaက သက်ပြင်းချပြီး ကျွန်တော့်ဒဏ်ရာကို ဂရုတစိုက်ဆေးထည့်ပေးနေသည်။

" အဖေ ဘာလို့သိချင်တာလဲ"

"ငါမင်းကိုသေချာ မမွေးမြူခဲ့လို့လား၊ ဒီလိုကောင်မျိူးနဲ့ သွားပတ်သတ်လောက်တဲ့အထိ ရူးရအောင် ဘာပြသနာတွေရှိနေလဲ၊ဒီလိုရှက်ဖို့ကောင်းတဲ့ကိစ္စကိုမင်းလုပ်ခဲ့တာ၊ငါတကယ် စိတ်ကုန်တယ်"

"အမြဲ မျက်စိမှိတ်ငြင်းတတ်တဲ့သူတွေကတော့ ဘယ်နားလည်ပါ့မလဲ၊အချစ်ကိုရှက်စရာလို့ပဲမြင်နေမှာပေါ့"

BBS Ohmnanon Mm translation.Where stories live. Discover now