အပိုင်း (၁)

36K 394 12
                                    



"တမ်း.. တ မိသော "
အပိုင်း (၁)

"ညီမ.."
"ပြောပါရှင့်"
စာပို့တော့ သူမ လည်း ပြန်ဖြေလိုက်တယ်။

"မင်း my day ကပုံ လိုချင်တယ်"
အယ် .. ဘယ်လိုလူလဲဟ..

My day မှာ တင်ထားသော mini-dress နှင့်ပုံလေးကို ဆိုလိုမှန်း သူမ သိပါသည်။
သူမ ချက်ချင်းပဲ ထိုလူ၏ accကို
ဝင်ကြည့်လိုက်တော့
မျက်နာကို ကွယ်၍ တင်ထားသော
ပုံတစ်ချို့သာ တွေ့ရသည်။

"ဘာဖြစ်လို့လဲရှင့်.."
သူမ စာပြန်လိုက်တော့

"လိုချင်လို့လေ, ss ရိုက်လို့ရပေမယ့်
မင်းပေးတာ လိုချင်တာ .."
သူ၏ အပြောကြောင့် သူမ စိတ်ထဲ
စနိုးစနောင့် ဖြစ်သွားသည်။
ဒီလူက တမျိုးပဲ~~~

သူမ ပို့ပေးလိုက်တော့ ထိုသူက
"ကျေးဇူး ညီမ"
ပြောပြီး လိုင်းအောက်သွားသည်။
ဘယ်လို လူပါလိမ့်နော် ~

သီရိလည်း မှုန်မှုန်သုံသုံနှင့်ပင်
ကြည့်နေကြ ထိုင်း ဇာတ်လမ်းတွဲကို
ကြည့်နေလိုက်သည်။

****************************************

"သမီးရယ် , တော်ပါတော့"
အမေ ဖြစ်သူက အနောက်မှ ဆွဲနေ၍
ယမင်းသီရိအောင် တစ်ယောက် jjဘောင်းဘီပွပွနှင့် ကန့်လန့်ကန့်လန့် ပါသွားသည်။
ထိုကြားကနေပင်

"လာမတောင်းစေချင်ရင်
အကြွေးကို ပေးရမယ့် အချိန်ပေးဟေ့"
အသံပြဲနှင့် လှမ်းအော်လိုက်သည်။

အိမ်ရောက်တော့
"မေမေ မှာလိုက်တာပဲ, ကောင်းကောင်း
ပြောမရရင် ထားလိုက်ပါလို့။
ပိုက်ဆံလေး ၅ သိန်းလောက်နဲ့
မေမေတို့ မဆင်းရဲသွားပါဘူး သမီးလေးရဲ့"
အမေဖြစ်သူ ဒေါ်မြတ်မြတ်ဇံ က
စိတ်လျော့ဖို့ ပြောလေသည်။

"မေမေကလည်း, သူတို့က ချေးတုန်းကကျ
ချေးပီးတော့, သမီးတို့က အတိုးနဲ့ချေးတာလည်း မဟုတ်ဘူး, အဲ့တာကို လူပါးဝနေတာလေ
မေမေရဲ့"

"သမီးရယ်,စိတ်ကို ရှေ့တန်းမတင်ရဘူးလေ"

"မေမေ့ဘာသာပဲ တရားပေါက်နေတော့"
သီရိတစ်ယောက် စိတ်ပေါက်ပေါက်နှင့်
အပေါ်ထပ်က သူမအခန်းထဲ ဝင်သွားသည်။

"အမြဲ တရားပဲပေါက်နေတာ,
ငါရှိနေလို့ ဘယ်သူမှ လာမစော်ကားရဲတာပေါ့။
မုဆိုးမ ဆိုပြီး အားလုံးက စော်ကားမော်ကား
ပြောနေကြတာကျ ဘာမှ မပြောဘူး။
ငါက ပွဲကြမ်းမှပဲ ငါ့အမှား"
သီရိတစ်ယောက် ပွစိပွစိ လုပ်နေတုန်း

" တမ်း .. တ မိသော "Where stories live. Discover now