FILWC (Unicode)

353 19 58
                                    

Falling in love with 'C'
__________________

"Cheer!"

ပြိုင်တူထွက်လာသော အသံများက သီးသန့်ခန်းအတွင်းရှိ လူငယ်တစ်ဦးအား ချီးကျူးဂုဏ်ပြုခြင်းဖြစ်သည်။ ထိုလူငယ်သည် လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး မိုးခါးဟု လူသိများကာ လူငယ်များအကြားတွင် သူနှင့်သူရေးသားသော ဝတၳုတိုများနှင့် စာတိုစာစများသည် ယနေ့လူငယ်များအကြား  ရေပန်းစားလျက်ရှိသည်။ နာမည်ကြီးသူတစ်ဦးမဟုတ်သော်ငြား မိုးခါးဆိုလျှင် မသိသူမရှိပေ။ ဒါက သူ့ရဲ့စာအရေးအသားကြောင့်လည်း ဖြစ်နိုင်သလို သူ၏တစ်ဖက်သန်ဆန်သော ဇာတ်လမ်း၊ဇာတ်အိမ်များကြောင့်လည်း ဖြစ်သည်။

သူရေးသားသော ဝတ္ထုတိုများ၏ဇာတ်သိမ်းပိုင်းသည် စာဖတ်သူများအား အခါအားလျော်စွာ ဒေါသထွက်စေသည်။ ဇာတ်လမ်း၊ဇာတ်အိမ်များသည် စိတ်ကူးယဉ်ဆန်သော်လည်း ဇာတ်သိမ်းပိုင်းရောက်လျှင် စာဖတ်သူများအား သွေးအန်စေသည်။ တစ်ချို့စာဖတ်သူများသည် comment boxများတွင် သူ့အား ဝိုင်းဝန်းဆဲဆိုကြသူများရှိသလို သူ့အားနားလည်ပြီး ထောက်ခံသူများလည်း ရှိကြသည်။ သူကိုယ်တိုင်လည်း ၎င်းဖြစ်စဉ်အား ကျင့်သားရနေသလို သူ၏ရေးသားမှုပုံစံသည်လည်း ယခင်အတိုင်းပင်ဖြစ်ပြီး နည်းနည်းလေးမျှ မပြောင်းလဲပေ။

သူငယ်ချင်းများကြားတွင်လည်း သူ၏အရေးအသားအား ဝေဖန်ကြသော်လည်း သူကတော့ နည်းနည်းလေးမှစိတ်ထဲမထားဘဲ ဤကဲ့သို့သာ ခွန်းတုံ့ပြန်သည်။

"ငါ့အကြိုက်ငါရေးတာ စာဖတ်သူအကြိုက်ရေးတာမဟုတ်ဘူး ငါ့ပုံစံအတိုင်းဘဲ ငါဆက်သွားမယ် ငါရေးတာမကြိုက်ရင် လာမဖတ်လို့ရတယ်
ငါရေးတာကြိုက်တဲ့သူရှိရင်လည်း လာဖတ်မှာဘဲ"

"ဒီလိုပြောတာက စာဖတ်သူတွေကို စော်ကားတာမဟုတ်ပါဘူး ငါက ငါရဲ့ဖြစ်တည်မှုပုံစံအတိုင်း ချန်ထားခဲ့ချင်တာ
အကယ်၍ တစ်နေ့မှာ ငါသေသွားရင် သူတို့က ငါ့ကိုဘယ်လိုပုံစံနဲ့ မှတ်မိနေမှာလဲ
ငါကတော့ ငါ့နာမည် ငါ့ပုံစံနဲ့ ငါ့အရေးအသားကိုတွဲပြီး မှတ်မိစေချင်တယ်"

"စာရေးသူတစ်ယောက်ရဲ့ မဆိုသလောက် လောဘလေးပါကွာ
စာဖတ်သူတွေအများကြီးကြားမှာ ငါ့ကိုတစ်ယောက် နှစ်ယောက်လောက်ကဘဲ မှတ်မိမယ်ဆိုရင်တောင် ငါကျေနပ်ပါတယ်"

Falling in love with 'C' (Completed) (OS)Where stories live. Discover now