Part 27 Pran Talk

1.5K 138 64
                                    

ကျွန်တော့်အိပ်ခန်းတံခါးပိတ်သံမှာ ကျယ်လောင်စွာထွက်ပေါ်လာပြီး မျက်နှာကြတ်တောင်တုန်ခါသွားသည်။ကျွန်တော်ကြောက်လန့်ပြီး တုန်ယင်နေခဲ့သည်။

ခဏအကြာမှာတော့ အရာအားလုံးတိတ်ဆိတ်သွားသည်။ ကျွန်တော်ဒေါသစိတ်ကြောင့် အသက်ကိုပင့်ရူနေရသည်။ ကျွန်တော့်ရဲ့နှလုံးခုန် မြန်လာမူကြောင့် ရင်ဘတ်တခုလုံး နာကျင်နေသည်။ ကျွန်တော် အဖေနဲ့အမေကိုပြောနေကျမဟုတ်သော စကားများ ပြောခဲ့ပြီး ထိုအကြောင်းပြန်စဉ်းစားမိချိန်တွင် မျက်ရည်များ ကျဆင်းလာသည်။

ကျွန်တော့်ပါးကို ပြင်းထန်စွာရိုက်ခတ်မူကြောင့် ကျွန်တော့်မျက်နှာမှာ တစ်ဖက်သို့လှည့်သွားသည်။ ကျွန်တော့်ပါးကိုနာကျင်အောင်ရိုက်သည့်သူက ဒေါသကြောင့်တုန်ယင်နေသည်။ မျက်လုံးများနီရဲပြီး မျက်ရည်များဝဲနေ သည်။ ကျွန်တော့်ကိုယ်ကျွန်တော်စိတ်ပျက်မူနှင့်နောင်တများကြောင့်ကျွန်တော့်အဖေရဲ့မျက်လုံးကိုတောင်မကြည့်နိုင်ပါ။

အခုဖြစ်ခဲ့သည့်ကိစ္စအတွက် ကျွန်တော့်ကို လုံးဝခွင့်မလွှတ်နိုင်ကြဖူးဆိုတာကျွန်တော်သိသည်။

ကျွန်တော်နှင့်Patရဲ့ ချစ်ခြင်းက ကျွန်တော့်မိဘတွေ တစ်ဘဝလုံးလက်မခံနိုင်သည့်အရာဖြစ်သည်။

" မင်းခုလိုဖြစ်အောင် ငါဆုံးမမူ ဘယ်မှာ မှားယွင်းခဲ့လဲ"

"...."

"မင်းဦးနှောက်ပျက်သွားပြီလား၊ ဒီလိုကောင်မျိူးရဲ့သားနဲ့မှ ဖြစ်ရတယ်လို့၊ မင်းဘာတွေစဉ်းစားနေတာလဲ Pran"

ကျွန်တော်ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်နေလေလေ ကျွန်တော့်အဖေက ကျယ်လောင်စွာအော်ဟစ်လေဖြစ်သည်။ကျွန်တော့်အဖေအရမ်းပေါက်ကွဲနေတာကြောင့် ကျွန်တော်ရင်မဆိုင်ရဲသဖြင့်ကျွန်တော့်မျက်လုံးကိုမှိတ်ထားမိသည်။

ကျွန်တော့်အဖေက ကျယ်လောင်စွာအော်ဟစ်နေပြီး ကျွန်တော့်အမေက ကျွန်တော့်ဘေးက ဆိုဖာပေါ်တွင် တရူံ့ရူံ့ ငိုနေသည်။

ကျွန်တော့်လို သားတယောက် က အမေ့ကိုငိုအောင်လုပ်မိသည်မှာ ဘဝမှာပထမဆုံးအကြိမ်ဖြစ်သည်။

BBS Ohmnanon Mm translation.Where stories live. Discover now