Part 30 Pat Talk

1.7K 135 45
                                    

စေ့စပ်ပွဲအပြီးငါးလအကြာ....

မကြာသေးခင်က ကျွန်တော်သိလိုက်ရတာတစ်ခုက လူတစ်ယောက်ဟာ ဦးနှောက်က အလုပ်လုပ်နေပြီး ခန္ဒာကိုယ်ကအသက်ရူနေရုံနဲ့ သာမန်ဘဝမှာ နေထိုင်နိုင်တယ်ဆိုတာပဲ။

စေ့စပ်ပွဲက လူကြီးမိဘတွေရဲ့ ရိုးရာဓလေ့နဲ့အညီစီမံခန့်ခွဲမူကြောင့် ချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့သည်။စေ့စပ်ပွဲကြောင့်အားလုံးလဲပြုံးပျော်နေကြသည်။စေ့စပ်ပွဲအပြီး social mediaပေါ်မှာ တင်ထားခဲ့သည့် ပုံကို တစ်စုံတစ်ယောက်ကတောင်မှ ရက်စက်စွာဖြင့်Like ပေးနိုင်ခဲ့သည်။

ဘယ်လောက်ပဲနာကျင်ရပါစေ ၊အချစ်ကြောင့်မသေသွားနိုင်ဖူးဆိုတာကျွန်တော်တို့နစ်ယောက်လုံးသိခဲ့ကြသည်။ကျွန်တော်တို့ရဲ့ အတွင်းစိတ်ထဲမှာ လုံးဝ‌ပျက်ဆီးယိုယွင်းနေရင်တောင်မှပေါ့။

ဘဝ.. ဘဝဆိုတာ ဆက်ပြီးရှိနေရတာပဲ။
ငါးလ ဆိုသောအချိန်ကာလကို ခပ်မြန်မြန်ပဲ ကျော်ဖြတ်လာခဲ့ပြီးနောက် ကျွန်တော် ရဲ့ခံနိုင်ရည်ရှိမူကိုကျွန်တော်ပြန်အံ့ဩမိသည်။နေလုံးကြီးကလဲ တစ်နေရာထဲမှာပဲ နေဝင်သည်၊ နေထွက်သည်။

ကျွန်တော်နှင့် Punchလည်းတစ်ယောက်အ‌‌ ကြောင်း တ‌စ်ယောက်ပိုသိလာသည်။Paaကတော့ အိမ်မှာပဲနေပြီး စာဆက်သင်ရင်း မောင်းဖို့ Nissan Murchကားဝယ်ပေးထားသည်။

Pranမရှိတော့သည့်တစ်ဖက်အိမ်ကတော့ အားအင်မရှိတော့သည့်ပုံစံပေါက်နေသည်။
ပြောင်းလဲသွားသည့်အရာတစ်ခုက ခေါင်းမာတတ်သည့်ကောင်လေးတစ်ယောက်ပုံစံမှ မိသားစုလုပ်ငန်းတွင် suitအပြည့်ဖြင့်အလုပ်လုပ်နေသော ကျွန်တော့်ရဲ့ လူငယ်တစ်ယောက်လိုပုံစံဖြစ်သည်။ နောက်ဆုံးမှာ ကျွန်တော်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး လုပ်ငန်းခွင်ဝင်နေပြီဖြစ်သည်။

ကျွန်တော် အဆောက်အအုံကြီးများထဲသို့ဝင်ဖို့ အစောကြီး အိပ်ယာထရသည်။ Aircon ဖွင့်ထားသောအလုပ်ခန်းထဲတွင်ထိုင်ပြီး ပြတင်းပေါက်မှ ကြည့်လိုက်ရင် တူညီသော အဆောက်အအုံပုံစံများစွာကိုမြင်ရသည်။

ထောင်ပေါင်း များစွာသော အဆောက်အအုံများဆီမှ နေ့စဉ်နေ့တိုင်း ပြသနာမျိူးစုံရောက်လာလေ့ရှိသည်။ တခါတလေမှာ ကျွန်တော့်ရဲ့ Engineering ပညာကိုအသုံး ချပြီးတခါတလေမှာတော့ First year တုန်းက သင်ကြားခဲ့ရသော အရာများကိုအသုံးချသည်။

BBS Ohmnanon Mm translation.Where stories live. Discover now