Chapter - 23

8.1K 1K 92
                                    

Company က စီစဉ်ပေးထားသည့် အိပ်ခန်းတွေက ပို၍သာလွန်သော်လည်း မိမိရဲ့အိပ်ယာကိုသာ မက်မောကြသည်မို့ ကောင်းဆက်တညလုံး တချက်လေးမှမနိုးခဲ့ပေ။ အိပ်ရာစောစောဝင်ခဲ့လေတော့ မနက်ခင်းလဲစောစောနိုးသည်။ စောသည်ဆိုတာတောင် ၈နာရီခွဲလောက် ရှိ​တော့မည်ထင်သည်။ အိမ်ရှေ့ခန်းမှ တချက်တချက်ပျံ့လွင့်လာသည့် မေမေနှင့် Daddy တို့ရဲစကားသံများ၊ရယ်သံများကို နားစွင့်နေရင်း ကောင်းဆက်နှုတ်ခမ်းတစုံမှာလဲ အပြုံးစတို့ခိုတွဲလို့လာသည်။ ဖုန်းရဲ့ Vibration အသံကြောင့် မှေးမှိတ်ထားသည့် မျက်လုံးအစုံကို ဖွင့်ချလိုက်ကာ ဖုန်းကိုလှမ်းဆွဲယူလိုက်ပြီး ခေါ်ဆိုသူအမည်ကိုတွေ့တော့ လူပါအိပ်ရာပေါ်ထထိုင်လျက်မိသားပင်။

"ဟဲလို Mr Shane"

"Morning ​ကောင်းဆက်။ အိပ်ရေးပျက်သွားပြီလား ကိုယ့်ကြောင့်လေ...."

"ကျွန်တော် နိုးနေပါပြီ။ ဒီအချိန်ကြီး ဘာကိစ္စရှိလို့များ...."

"မင်းတော့ မသိလောက်သေးဘူးထင်တယ်။ Washingdon DC က​နေ North Carolina ကို သွားတဲ့ ​လေယာဉ်ကတက်သွားပြီး ခဏအကြာမှာ ပျက်ကျသွားတဲ့ သတင်းတက်နေပြီ။ မီးရှော့ဖြစ်ရာကနေ အင်ဂျင်ပါ မီးစွဲလောင်သွားကြောင်း ​နောက်ဆုံးဆက်သွယ်မှုထဲမှာ ထည့်​ပြောသွားတယ်။ "

"ခရီးသည်တွေရော...."?

ထိုမေးခွန်းကို Shane က မနက်ခင်းမှာမပြောပြချင်လို့လားမသိ၊ တော်တော်နှင့်ပြောမလာခဲ့ပေ။ တော်တော်ကြာတော့မှ ခပ်လေးလေးသက်ပြင်းချသံနဲ့အတူ...

"လေယာဉ်က အသက်ရှင်နိုင်ခြေအရမ်းနည်းတယ်လေ။ ခရီးသည်တွေနဲ့ crew တွေအကုန် သေဆုံးတယ်လို့သတင်းထုတ်ပြန်ထားတယ်။ Edward က သတင်းသိသိချင်း Supervisor နဲ့ ကိုယ့်ကိုကျေးဇူးတင်နေတယ်။ "

"ဟုတ်လား...."

"ကောင်းဆက်? မင်း Edward နဲ့ပတ်သတ်ပြီး ကြိုမြင်ခဲ့တယ်မဟုတ်လား"

"ဟုတ်တယ် ကျွန်တော်မြင်ခဲ့တယ်။ ခရီးသည်တွေရဲ့အစက်အားလုံးကို မကယ်နိုင်ပေမယ့် Edward ကိုတော့ကယ်နိုင်ခဲ့တာ အဆိုးထဲကအကောင်းပဲပေါ့"

"အင်း မင်းဝမ်းသာမယ်လို့ယူဆလို့ ကိုယ်ဖုန်းဆက်ပြောတာ"

"ဟုတ်ကဲ့"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now