Part 33 Pran Talk

2.6K 160 110
                                    

ထိုညအပြီးတွင် ကျွန်တော် Patကိုဖုန်းထပ်မဆက်ဖြစ်တော့ပါ။

အဲ့အချိန်တုန်းကကျွန်တော့်အဖေနဲ့ ဖုန်းပြောပြီး မျှော်လင့်ချက်များကြောင့် အတိတ်ကိုလွမ်းဆွတ်ခြင်းများ ယိုစိမ့်လာပြီး
ကျွန်တော်သတိမကပ်ပဲ အမှတ်မိဆုံး  ဖြစ်သည့်ဖုန်းနံပါတ်ကို နှိပ်မိခြင်းသာဖြစ်သည်။

Pat ကကျွန်တော့်ဖုန်းကိုမကိုင်နိုင်သည့်အချိန်တွင် ကျွန်တော်ဘာလုပ်သင့်လဲ?
ဘာအကြောင်းပြောရမှာလဲ?
ကျွန်တော် helloကလွဲပြီး ဘာစကားပြောရမလဲ?

အခု အရာအားလုံးက အဆင်ပြေနေပုံရပါသည်။Patကလည်း အကျင့်စာရိတ္တကော၊ရုပ်ရည်ကော အသိုင်းအဝိုင်းကောပြည့်စုံသော မိန်းကလေးတစ်ယောက်နှင့်လက်ထပ်တော့မည်ဖြစ်သည်။

အဲ့တာကြောင့် ခုချိန်မှာ ထွက်သွားသင့်တဲ့သူကကျွန်တော်ပါပဲ။

"မင်းဒီနေ့ ဘယ်သွားမှာလဲ Pran"

ကျွန်တော်အခုပဲ ရေချိုးပြီးအဝတ်အစားလဲနေသည်။ အကျီကိုဆွဲဆန့်ပြီး ဧည့်ခန်းထဲမှ လှမ်းမေးနေသော P'Pongကို ပြန်ဖြေလိုက်သည်။

"ကျွန်တော် ဘယ်မှမသွားဖူး P'Pong"

"ငါသူငယ်ချင်းနဲ့ချိန်းထားတာရှိတယ်၊ ဒါပေမဲ့သူက ညနေကိုအချိန်ရွှေ့လိုက်လို့၊ ငါတို့အတူအပြင်ထွက်ကြမလား"

ကျွန်တော် အိပ်ခန်းထဲမှ ခေါင်းပြူကြည့်လိုက်သည်။ P'Pongက ခရီးသွား အဝတ်အစားကိုဝတ်ထားပြီး နွားနို့ကိုဖန်ခွက်ထဲလောင်းထည့်နေသည်။

"မသွားတော့ဖူးKrup ၊ ကျွန်တော့်အခန်းထဲမှာပဲ လှဲပြီး ရုပ်ရှင်ကြည့်ဖြစ်မယ်ထင်တယ်"

"Ohဒါဆိုငါလည်း အချိန် ကုန်သွားအောင် ရုပ်ရှင် ကြည့်ရင်ကောင်းမယ်"

P'Pong ကပြောရင်းကျွန်တော့်အခန်းထဲသို့ဝင်လာသည်။ ကျွန်တော့်ဘေးကကြမ်းပြင်ပေါ်ထိုင်ချပြီး ခေါင်းအုံး ကိုမှီထားသည်။

ကျွန်တော်လည်းခေါင်းအုံးကိုပေါင်ပေါ်တင်ပြီး ပလတ်စတစ်ဘူးထဲမှ ရုပ်ရှင်အခွေများကိုရွေးနေသည်။

"P' ဘာကားကြည့်ချင်လဲ"

" ငါတို့ကြည့်ချင်တဲ့ Actionကားကော"

BBS Ohmnanon Mm translation.Место, где живут истории. Откройте их для себя