အခန်း(၁)

385 44 7
                                    

"ယမင်းရေ ပါထိုင်းခုနှစ်စည်းနဲ့ ပါတိတ်သုံးစည်း ထုတ်ခိုင်းထားတဲ့အထုတ် ထုတ်ပြီးပြီလား"

"ဟုတ်ကဲ့မမ"

"အင်း ဒါဆို မမကို စပန့်ကိုက်ထိုးထဲက ၇ကိုက် တစ်အုပ်စီ ဖြတ်ပေးထားနော် အသစ်ရောက်တဲ့
အပွင့်ဆင်တွေ အားလုံး"

"ဟုတ်မမ ဒါနဲ့ ချည်ထမိန်တွေ မှာထားတဲ့သူက ယူမှာလား မနေ့ကလာယူမယ်ပြောထားလို့"

"သြော် ဟုတ်သားပဲ မမပြောဖို့မေ့နေတာ သူက ကားအခက်အခဲကြောင့် မနက်မှလာနိုင်မယ်တဲ့ အထုတ်ကဒီတိုင်းထားလိုက်နော်"

"ဟုတ်ကဲ့"

ဂန္ဓဝင် ညောင်းညာနေတဲ့ ဇာတ်ကြောကို ပြေလိုပြေညား ခေါင်းကို ဘယ်ညာ နှစ်ချက်ဆီလောက် ချိုးချလိုက်သည်

အခု၁၂နာရီထိုးနေပေမဲ့ ဂန္တဝင်နေ့လည်စာပင်မစားရသေး ဖေဖေဆုံးပြီးထဲက မေမေက ဂန္တဝင်တို့ သားမိနှစ်ယောက် ရပ်တည်နိုင်ဖို့ မင်္ဂလာစျေးမှာ လူလတ်တန်းစား အမျိုးသမီးတွေ အဝတ်များတဲ့ ပိတ်စ၊ထဘီ ၊အင်္ကျီ တို့ကို လက်လီလက်ကားရောင်းခဲ့သည်

ခပ်ကျဥ်းကျဥ်း ဆိုင်နေရာလေးအတွင်း ပိတ်စတွေက အထပ်လိုက် တောင်လိုပုံနေသည် ပိတ်စပုံတွေ အလယ်မှာ လူတစ်ယောက်ထိုင်စာ နေရာလေးသာရှိပြီး ကျန်လူထိုင်ဖို့အတွက်ကတော့ ဆိုင်နဘေးမှာပဲ ခုံအနီလေး သုံးလုံးချထားသည်

ဖေဖေဆုံးတော့ ဂန္တဝင် ခုနှစ်တန်းသာရှိသေးသည်
အားကိုးရာမဲ့သွားတဲ့ မေမေက ဖေဖေစုခဲ့တဲ့ ငွေလေးတွေနဲ့  အထည်ရောင်းဖို့ လုပ်ခဲ့ပေမဲ့ အစပိုင်းမှာ မိတ်မရှိဘာမရှိမို့ ဆိုင်ကယောင်းမကောင်းခဲ့ပေ ဆိုင်အတွက် အရင်းစိုက်ထုတ်ရင်း အကြွေးများပင် တင်ခဲ့ရသည်

အကြွေးရှင်တွေ အိမ်လာပြီး ပြဿနာရှာတိုင်း မေမေဟာ အဆင်ပြေအောင်ပြောရသည်မှာလဲ အကြိမ်ကြိမ်ကြိမ်ပင်
တစ်ခါတစ်လေ မေမေဟာ အခန်းထဲမှာ တစ်ယောက်ထဲ ကြိတ်ငိုနေတတ်ပေမဲ့လို့ ဂန္တဝင့်ရှေ့ရောက်လျှင်တော့ တောက်ပတဲ့အပြုံးတွေကိုသာ အမြဲပြုံးပြမြဲဖြစ်သည်

မေ့မေ့ရဲ့ ကမ္ဘာကြီးက ရုတ်တရက်ကြီး ပြိုကျသွားရတာမို့ မေ့မေ့ခမျာ သမီးတစ်ယောက်နဲ့ အတော်ကိုပင် ဒုက္ခရောက်ရရှာသည်

မျှော်...Where stories live. Discover now