Pranက အချိန်နှင့်အမျှ ပိုခေါင်းမာလာပြီး ပြန်မပြောပဲတိတ်ဆိတ်နေတတ်သည်။
ကျွန်တော်သူ့အကြောင်း ဘယ်အချိန်ထဲက ကောင်းကောင်းသိလာခဲ့လဲ မပြောတတ်ပါ၊
ဒါပေမဲ့ အိမ်မှာ ဘယ်သူမှ မရှိသည့်အချိန်တွင် အဲ့ဒီ့ခေါင်းမာတဲ့ကျောင်းသားလေးက မူးမေ့လဲမတတ် မအိပ်ပဲအလုပ်လုပ်နေမည်ကိုတော့ ကျွန်တော်ခန့်မှန်းမိသည်။
ကျွန်တော်နဲ့ Pranမိသားစုရဲ့ ဆက်ဆံရေးက သူတို့ရဲ့တစ်ဦးထည်းသောသားလေး Thailandကိုပြန်လာကထည်းက တိုးတတ်လာခဲ့သည်။ဒါပေမဲ့ ကျွန်တော် Uncle Pakornကို ဂရုတစိုက်သတိထားနေရသေးသည်။
ဒီအိမ်ရဲ့ နောက်ထပ်သားတစ်ယောက်လို ပြူမူဖို့ တော့ ကျွန်တော် မလုပ်ရဲသေးပါ။ Pranကလွဲလို့ ဘယ်သူကမှ ကျွန်တော့်ရဲ့ပုံစံအမှန်ကို မသိနိုင်ပါ။
အချိန်တွေဘယ်လောက်ကြာနေပါစေ။
ကျွန်တော်က Pranသက်ပြင်းချယူရမဲ့ အရင်ကလိုPat သာ ဖြစ်နေသေးသည်။ ကျွန်တော့်အပေါ်တွင် Pranက ပင်ပန်းသည့်ခံစားချက်နဲ့ ကြင်နာသည့်ခံစားချက် ဘယ်အရာပိုကြီးမားလဲဆိုတာ ကျွန်တော်မသိပါ။Pranမိဘတွေ အိမ်မှာ ရှိနေကြသည့်အချိန်ဆိုရင်
အိမ်ရှေ့တံခါးဝမှ ဝင်သွားခွင့်ရပေမဲ့ ကျွန်တော်ထင်ထားသလောက် Pranနဲ့ခဏခဏ တွေ့ဖို့မလွယ်ပါ။ကျွန်တော့်ချစ်သူ အိမ်မှာ တစ်ယောက်ထဲရှိနေသည့်အချိန်မှသာ အဆင်ပြေသည်။"Pran ကိုယ်ကို အရင်သုတ်ဦး"
ကျွန်တော် အိပ်ခန်းထဲက မီးရောင်ကို လိမ္မော်ရောင် ဖျော့ဖျော့လေး ဖြစ်အောင် မှိန်လိုက်ပြီး အခန်းထဲသို့ ရေနွေးဇလုံတစ်ခုကိုင်ပြီးလမ်းလျှောက်လာခဲ့သည်။
အခုအချိန်ပိုင်းမှာ Pranကပိုပြီး နေမကောင်းဖြစ်နေခဲ့သည်။သုံးရက်ကြာသည်အထိ မသက်သာသေးပါ။ ကံကောင်းစွာဖြင့် အခြေနေတော့ပိုဆိုးမလာပါ၊
ကျွန်တော် အလုပ်ကပြန်လာသော အဝတ်အစားများမလဲရသေးပါ၊ ကျွန်တော်အဖြူရောင် အကျီလက်ကို တံတောင်ဆစ်သို့လိပ်တင်လိုက်သည်။ဘောင်းဘီကလဲ မနက်စောစောကmeeting သွားခဲ့သည့်အတိုင်းပဲဖြစ်သည်။ ကျွန်တော်အိမ်ပြန်ရောက်ချိန်တွင် ခြေအိတ်တစ်ခုပဲ ချွတ်ပစ်ရသေးသည်။
![](https://img.wattpad.com/cover/294291406-288-k118586.jpg)