Chapter - 25

8.6K 1K 74
                                    

Devin က အပေါ်ထပ်ဝတ်စုံကို အသာဆွဲဆန့်ကာ ကိုယ်နေဟန်ထား အနည်းငယ်ပြင်လိုက်ပြီးနောက် ကောင်းဆက်ကိုတချက်မျှ ကြည့်လာကာ စတင်ပြောပြလာခဲ့သည်။

"Shane ရဲ့ Driver နာမည်က Jonathan တဲ့။ Jonathan မှာ Joel ဆိုတဲ့ညီတစ်ယောက်ရှိတယ်။ အဲ့ဒီ Joel နဲ့ Shane နဲ့က သူငယ်ချင်းတွေဆိုပေမယ့် အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးမျိုးတော့ မဟုတ်ဘူး။ Shane ရော Joel ပါ ဂိမ်း program ဆွဲရတာဝါသနာပါတော့ Academy တခုတည်းမှာ တက်ခဲ့ကြတယ်။ အဲ့ဒီနောက် Shane က မိဘနောက်ခံလည်းရှိတော့ company ထောင်ဖို့လုပ်တယ်။ သူကိုယ်တိုင်ရေးဆွဲမယ့် ဂိမ်းအသစ်တခုကို launch လုပ်ရင်းနဲ့ တခါတည်းဖွင့်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ အဲ့ဒီ Company က အခုလက်ရှိ ဒီ Universe ဆိုတဲ့ company ပဲ။

"ဟုတ်ကဲ့..."

"အဲ့ဒီအတွေးရတော့ Shane က သူအကြမ်းဆွဲထားတဲ့ နမူနာကိုယူပြီး Academy တုန်းက အတူတူတက်ခဲ့တဲ့ လူတွေနဲ့ တိုင်ပင်မယ်ပေါ့လေ။ ဖြစ်ချင်တော့ အဲ့ဒီနေ့က အခြားလူတွေ မအားတာနဲ့ သူရယ် Joel ရယ်ပဲတွေ့ဖြစ်ကြတယ်။ မရှိတော့တဲ့ Joel ကို မကောင်းပြောတာတော့မဟုတ်ပေမယ့် Joel က Shane ကို လုံးဝမနာလိုဘူး။ နှစ်ယောက်လုံးက အပြိုင်တော်ကြတာလည်းပါတာပေါ့"

"......."

"ကျွန်​တော်ဆို Shane ကို အမြဲတမ်းပြောတယ်။ Joel က မင်းအပေါ်စိတ်ရင်းနဲ့မဟုတ်ဘူး မင်းမပေါင်းနဲ့လို့။ ဒါ​ပေမဲ့ Shane က လက်မခံဘူး မိဘတွေဆုံးသွားပြီးနောက်ပိုင်း အထီးကျန်တယ်ထင်ပါတယ် အပေါင်းအသင်းကိုမက်တယ်။ ဟိုကတော့ သူ့ကိုကြည့်မရတဲ့စိတ်၊ မနာလိုစိတ်တွေနဲ့ပြည့်နှက်နေတာကို ​ဘေးလူဖြစ်တဲ့ ကျွန်​တော်ကမြင်နေရတယ် ထားပါတော့လေ။ အဲ့ဒီချိန်းတဲ့နေ့က Joel နဲ့ Shane အရင်တွေ့တာ နောက်မှကျွန်​တော်က သူတို့ဆီရောက်တာ။ ​ရောက်သွားတဲ့အချိန် စားပွဲမှာ Joel တယောက်ပဲရှိပြီး Shane ကို မတွေ့ဘူး။ Joel က stick နဲ့ Shane ရဲ့ကွန်ပြူတာကနေ တခုခုကိုကူးနေတာ။ ကျွန်တော့်ကိုမြင်တော့ သူဟန်မပျက်ပြန်ထိုင်နေတယ်။ ပိုင်ရှင်မသိပဲကွန်ပြူတာကို ကိုင်လို့စိတ်ဆိုးပေမယ့် Shane တခုခုလုပ်ခိုင်းခဲ့တယ်လို့ ထင်မိတာမို့ မပြောဖြစ်ခဲ့ဘူး.."

"Shane အဲ...Mr Shane က ဘယ်ကိုသွားနေခဲ့တာလဲ။ Joel ဆိုတဲ့သူကရော ဘာတွေကူးသွားတာလဲ"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now