Chapter - 27

7.7K 961 80
                                    

"ဆေးရုံကားရောက်ပြီ!!"

အဆင့်ဆင့်အကြောင်းကြားသံ​တွေနဲ့အတူ ဆေးဝန်ထမ်းတချို့က လူနာတင်ကတ်လေးကိုင်ဆောင်၍ ဝင်လာခဲ့ပြီး နိုရာ့ကိုမချီကာ ကတ်လေးပေါ်သို့တင်သည်။ ရောက်ရှိလာသည့်ဆေးရုံကားက Devin အလုပ်လုပ်ရာဆေးရုံဖြစ်လို့ Devin က ဆေးဝန်ထမ်းတွေနောက် လိုက်သွားရန်ပြင်​နေပြီး..

"Shane! ငါလိုက်သွားတော့မယ်။ ကောင်းဆက်အတွက် ​နောက်ထပ်တစ်စီး ငါလွှတ်ပေးလိုက်မယ်..."

"မလွှတ်နဲ့ရတယ် Devin ငါခေါ်လာခဲ့မယ်။ နိုရာ့ကိုသာ ဂရုစိုက်လိုက်...။"

ထို့နောက်ကောင်းဆက်ကို အသာပွေ့ချီလိုက်သည်နှင့် တီးတိုးတီးတိုးအသံတွေက ထွက်ပေါ်လာပြီး တချက်ဝေ့ကြည့်လိုက်တော့ အသံများက တိခနဲတိတ်ကျသွားကြပြန်သည်။ ဓာတ်လှေကားရှိရာနေရာသို့ ခြေလှမ်းပြင်တော့ ဝန်ထမ်းတွေက ခလုတ်ပြေးနှိပ်ပေးကြ​ပေမယ့် စူးစမ်းအကြည်က အားလုံးထံမှ ခိုတွယ်လို့​နေဆဲ။ ဓာတ်လှေကားအတွင်း မည်သူမျှလိုက်လာခြင်းမရှိတော့ မိမိတို့နှစ်ယောက်သာရှိ​နေပြီး မျက်လုံးအစုံမှေးပိတ်ထားသည့် မျက်နှာအား တချက်ငုံ့ကြည့်လိုက်ပြီးနောက် ခပ်ဖျော့ဖျော့မျက်နှာပြင်ပေါ်က နဖူးပြေပြေလေးအား တချက်နမ်းရှိုက်လိုက်သည်။

*ဘာမှမဖြစ်လိုက်ပါနဲ့ ကောင်းဆက်*

ဓာတ်လှေကားအတွင်းမှာ CCTV တပ်ထားတာကြောင့် လုံခြုံရေးထိန်းချုပ်ခန်းမှာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတွေမြင်လိမ့်မည်ဆိုတာ Shane သိပေမယ့် ဂရုမစိုက်ချင်တော့။ အစကတည်းက ဂရုမစိုက်တာဆိုရင်ပို၍ မှန်ကန်လိမ့်မည်။ ကောင်းဆက် အနေရခက်မည်စိုးသောကြောင့်သာ မိမ်ဘက်က ဆင်ခြင်ပေးခဲ့ခြင်းပင်။ ကားပါကင်ရောက်သည်နှင့် ကောင်းဆက်အား ရှေ့ခန်းထဲအသာထည့်ကာ ခါးပတ်ပတ်ပေးပြီးသည်နှင့် ဆေးရုံရှိရာလိုက်ထွက်ခဲ့သည်။

အချိန်မကွာလှတာကြောင့် ဆေးရုံကားက Shane နှင့်မလှမ်းမကမ်းမှာသာရှိနေပြီး နိုရာက လမ်းမှာကတည်းက သတိပြန်လည်နေခဲ့ပုံပင်။ ဆေးရုံရောက်တော့ တင်တွန်းသွားသည့် ကုတင်ပေါ်ကနေ အနောက်ကမိမိတို့အား ခေါင်းထောင်ကြည့်ကာ Devin နှင့်စကားအပြန်အလှန်ပြောနေသည်။ ထို့နောက်​တော့ ကောင်းဆက်ကိုပါ လာလွှဲယူသည့် ဆေးရုံက ဆရာဝန်တွေထံထည့်ပေးလိုက်ပြီး အဖြေကိုစောင့်ဆိုင်းနေခဲ့သည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now