special episode 3 Passed

2.1K 127 44
                                    

Pran Talk

ကျွန်တော့်ရှေ့မှ လူ စကားပြောအပြီးတွင် ကျွန်တော် သက်ပြင်းကြီးကြီးချလိုက်သည်။

အပြာရင့်ရောင်စာလုံးများဖြင့် လှပစွာ ရေးထိုးထားသော အပြာနုရောင် Card ကိုကျွန်တော် စားပွဲပေါ်မှာ ထားလိုက်ပြီး စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် ကျွန်တော့်ဆံပင်ကိုလက်ဖြင့်ဖွလိုက်သည်။

ခွေးပေါက်ကြီးက ကျွန်တော့်ကိုသူ့မျက်လုံးများဖြင့်မော့ကြည့်နေ သည်။
သူက ခွေးလို အသံမျိူးစုံလုပ်နိုင်ခဲ့ရင် လုပ်မဲ့သဘောရှိသည်။

"Pran"

" ဒီဟာကို ဘာလို့ ငါ့ကိုလာပြနေတာလဲ"

ကျွန်တော် Patကိုစကားခပ်ပြတ်ပြတ်ပြောပြီး ကော်ဖီ တငုံ စုတ်သောက်လိုက်သည်။

Coffeeအနံ့နှင့် Caffeineဓာတ်က ကျွန်တော့်စိတ်ကို သက်သာရာ ရကောင်းရစေနိုင်မှာပါ။

"Punch လက်ထပ်တော့မယ်""

"အဲ့ဒီ့တော့?"

Pat ဒီဖိတ်စာကတ်ကို ကျွန်တော့်ဆီ ဘာလို့ယူလာမှန်း ကောင်းကောင်းသိရက်နှင့် ကျွန်တော်က အမေးစကားဖြင့် ပြန်ဖြေ နေသောကြောင့် Patကစိတ်ဆိုးနေသည်။

သူ့ရဲ့ သတို့သမီးဟောင်း မဂ်လာပွဲကိုတတ်ဖို့ကျွန်တော့်ဆီက ခွင့်ပြုချက်တောင်းတာကလွဲလို့ဘာဖြစ်နိုင်ဦးမှာလဲ?

"လာစမ်းပါ၊ ငါ့ကို မျက်မှောင်ကြီးကြုံ့မထားပါနဲ့"

"ပြုံးရမှာလား?"

"Ugh Pranကလဲ"

သနားစရာအသံ လာမလုပ်နဲ့! မင်းဒီနေရာကနေ ထတောင်မထနဲ့!

"ငါ့ကိုလာမထိနဲ့"

"မင်းအရမ်း သဝန်တိုနေတာမြင်ရတော့ ဝမ်းသာလိုက်တာ"

"ငါသဝန်မတိုဖူးနော်"

"မင်းငါ့ကို ချစ်ရင် ချစ်တယ်လို့ပြော၊ 
မင်းသဝန်တိုတယ်ဆိုရင် သဝန်တိုတယ်လို့ပြော"

သူ့စကားလုံးတွေကိုကျွန်‌တော် ရင်းနီးနေသည်။ကျွန်တော်တနေရာရာမှာများကြားဖူးထားလား?

"ငါသဝန်တိုတာမဟုတ်ဖူး၊ငါစိတ်မကောင်းတာက ဘာလို့လဲဆိုတော့..."

BBS Ohmnanon Mm translation.Where stories live. Discover now