Special episode 4 Mine

2K 131 52
                                    

Pat talk

ကျွန်တော့်ကိုယုံလိုက်..။
ကျွန်တော်တို့‌တွေက လိုချင်တာမှန်သမျှတော့ မရနိုင်ဖူး..။

Pranကို တောင်မှပဲ..

အလုပ်လုပ်ရတဲ့ အသက်အရွယ်မှာကျွန်တော်တို့နစ်ယောက် အတူတူပြန်နေကြကထဲက အရင်ကလောက် စကားများကြတာမျိူးမရှိတော့ပါ။ကျွန်တော်တို့ နေ့စဉ်ပုံမှန်လုပ်ဖြစ်တာမျိူး‌တွေ ၊လူမူရေးကိစ္စတွေလည်းမရှိပါ။

ကျွန်တော့် အလုပ်ချိန်မှလွဲပြီး ကျန်တဲ့ ကျွန်တော့်အချိန်တွေ အားလုံးကိုPranကိုသာ ကျွန်တော်ပေးထားခဲ့သည်။

ဘဲအမေကြီး ကို ဘဲပေါက်လေးလိုက်ကပ်နေသလိုမျိူး။

ပန်းလေးတစ်ပွင့်လိုပွင့်လန်းလာသော ကျွန်တော့်ညီမလေး Paaကိုတောင်မှ အပြင်ပန်းမှာကြမ်းတမ်းပြီး ခေါင်းမာသောPranလောက် အာရုံမစိုက်မိပါ။ 

ကျွန်တော်မမှားဘူး..။

Pranက သူအလုပ်လုပ်တဲ့အချိန်ဆို သေအောင်တင်းကြပ်သည်၊ အကြောက်အလန့်မရှိ တည့်တည့်ရှေ့တိုးလုပ်တတ်သည်။

Pranက သူ့မိဘကလွဲလို့ ရိုရိုသေသေအသံနဲ့ဆက်ဆံတာဆိုလို့ လူ တစ်ယောက်သာရှိသည်။

သူ့ရဲ့ တစ်မျိူးထဲကဆင်းသက်လာတဲ့အကို ..။

ဒါပေမဲ့ သူတို့က ညီအစ်ကိုအရင်းမဟုတ်နေသည့်အချက်က ကျွန်တော့်ကိုပြသနာပေးနေသည်။

"ငါဗိုက်ဆာတယ်"

Sunday နေ့လည်ခင်းတစ်ခုတွင်ကျွန်တော်အိပ်ယာပေါ်တွင် သက်တောင့်သက်သာရှိစွာလှဲလျောင်းနေသည်။Pranရဲ့မိဘတွေက ဧည့်ခန်းထဲမှာ Pongနဲ့စကားပြောနေကြသည်။

Pongက Pran masterဘွဲ့ တတ်နေတုန်းကအတူနေခဲ့တဲ့ တစ်ဝမ်းကွဲအကိုဖြစ်သည်။

ပြီးတော့ကျွန်တော် သူတို့နစ်ယောက်ကိုPranရဲ့ အိပ်ခန်းထဲမှာတွေ့လိုက်သည်။

ကျွန်တော့်ဝရံတာ မှာ မနက်ဖန်လုပ်မည့်meetingအတွက် စာထိုင်ဖတ်ရင်းမြင်လိုက်တာဖြစ်သည်။

ထို့ကြောင့် ကျွန်တော့်ချစ်သူရဲ့အခန်းကို ဖိုင်တွဲတွေအများကြီးသယ်ပြီး ကျွန်တော်ရောက် သွားခဲ့သည်။
ကျွန်တော်သူတို့ကို နစ်ယောက်ထဲရှိခွင့်မပေးနိုင်ဖူး။

BBS Ohmnanon Mm translation.Where stories live. Discover now