Chapter - 30

7.7K 957 75
                                    

ဆိုင်ကယ်လေးရပ်ကာ မီးပွိုင့်ကို အေးအေးလူလူစောင့်နေတဲ့ Daddy ကိုမြင်လိုက်တာနဲ့ ကားထဲကနာရီဆီအကြည့်​ရောက်သွားသည်။ 02:02 AM ကို ညွှန်ပြ​နေ​တော့မှ ​ကောင်းဆက်အနည်းငယ်စိတ်​အေးသွားကာ

"Shane "

ဟု အသိ​ပေးသလို​ခေါ်လိုက်​တော့ Shane က ​ခေါင်းတချက်ဆတ်ပြကာ စတီယာတိုင်​ပေါ်မှ လက်ကိုပြန်ရုတ်လိုက်စဉ်မှာပင် သတ္တုနှစ်ခု အရှိန်ပြင်းပြင်းထိမိသံ ဒုန်းခနဲ အသံကျယ်ကြီးနောက်မှာ မီးနီဖြတ်မောင်းလာတဲ့ ကားတစီးရဲ့ရှေ့မှာချိတ်ပါသွားတဲ့ ဆိုင်ကယ်တစီး၊ လမ်းမနဲ့ပွတ်မိတာကြောင့် မီးပွားတွေကလွင့်စင်ထွက်နေကာ နောက်ဆုံးတော့ ထိုကားအောက်ထဲသို့ လိမ့်ဝင်သွားတဲ့ဆိုင်ကယ်လေးနဲ့လူတယောက်ဆီမှ ကြောက်ခမန်းလိလိ ကျိုးကြေသံများ....။

ကယ်လိုက်နိုင်တော့မှာဟု ကျိန်းသေတွက်ဆပြီးသား ကောင်းဆက်ရဲ့ အပြုံးယောင်ယောင်လေးက မျက်စိတမှိတ်အတွင်း ဖြစ်ပျက်သွားသည့် ဖြစ်ရပ်ဆိုးကြီးနောက်မှာ လွင့်ခနဲ။ မြင်ခဲ့ဖူးသည့်အတိုင်း၊ အကြိမ်ကြိမ်အိမ်မက်ထဲ ပေါ်လာလေ့ရှိသည့်အတိုင်း တကယ်ပင် တစ်ထေရာတည်းဖြစ်ပျက်လို့လာခဲ့သည်။ ရင်ထဲကနေ တလိပ်လိပ်ထိုးတက်လာတဲ့ ခံစားချက်ကြီးက ကောင်းဆက်ရဲ့အသိစိတ်ကို တွန်းတိုက်လာသည့်ခဏ...

"Daddy!!"

တုန်ယင်အက်ကွဲနေပေမယ့် ရင်ခေါင်းထဲကထွက်လာသည့် အော်သံနက်နက်ကြီးနဲ့အတူ ကားပေါ်ကဆင်းပြေးသွားသည့် ကောင်းဆက်ကို Shane လှမ်းမဆွဲလိုက်နိုင်ခဲ့ပေ။ နောက်ထပ်ဖြတ်မောင်းလာနိုင်သည့် ကားများရှိနေနိုင်သေးသည်မို့ သုံးယောက်လုံး လိုက်ဆင်းကာ ကားအောက်ထဲငုံ့ကြည့်နေသည့် ကောင်းဆက် အနီးသို့ ပြေးသွားခဲ့ရသည်။

အိမ်မက်ထဲကပုံစံအတိုင်း ကားအောက်ထဲမှာ တွန့်လိန်ကြေမွနေသည့် ဆိုင်ကယ်နှင့် ကျိုးကြေနေသည့်ခန္ဓာကိုယ်တခုက ညပ်လို့နေသည်။ အပြင်ဘက်ဆီသို့ ထွက်နေသည့် Daddy ရဲ့လက်ပေါ်က နာရီလေးပြသနေသည့်အချိန်မှာ 02:03 AM..

*ဘာဖြစ်လို့လဲ ဘာဖြစ်လို့....အချိန်က ဘာလို့ စောသွားရတာလဲ*

ဖခင်ဖြစ်သူကို အပြီးတိုင်ဆုံးရှုံးလိုက်ရပြီဆိုသည့် အသိနဲ့အတူ အတူတူဖြတ်သန်းခဲ့ကြသည့် ဘဝတစ်လျှောက် Daddy ရဲ့ ရယ်သံ၊ ပြောသံ၊ ဆူသံနှင့်အပြုံးများ၊ စကားသံများကို မျက်လုံးထဲမြင်ယောင်လာပြီးနောက် ရင်တခုလုံးဆို့နစ်တက်လာ​တော့သည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now